ဒီနှစ်ဥရောပချန်ပီယံလိဒ်ဖလားကြီးကိုတော့အင်္ဂလန်ထိပ်သီးဖြစ်တဲ့လီပါပူးအသင်းကပဲစပါးအသင်းကို(၂-ဝ)နဲ့အနိုင်ယူပြီးသမိုင်းတစ်လျောက်၆ကြိမ်မြောက်ချန်ပီယံဆုကြီးကိုဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ပါပူးအသင်းကတော့ချန်ပီယံလိဒ်ဗိုလ်လုပွဲကို၂နှစ်ဆက်တိုက်တက်ခဲ့တာဖြစ်ပြီးဒုတိယမြောက်ဗိုလ်လုပွဲမှပဲအောင်ပွဲဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာဖိုင်နယ်ကိုမရောက်ခင်ဥရောပထိပ်သီးစပိန်ကလပ်ဘာစီလိုနာအသင်းကိုအံ့အားသင့်ဖွယ်နိုင်ပွဲတွေနဲ့အနိုင်ယူပြီးမှဗိုလ်လုပွဲကိုရောက်ခဲ့တာဖြစ်ပါတယ်။ပါပူးအသင်းဟာဆီမီးဖိုင်နယ်ပထမအကျော့မှာဘာစီလိုနာအသင်းကို(၃-ဝ)ပြတ်နဲ့ရှုံးနိမ့်ခဲ့ပေမယ့်အိမ်ကွင်းမှာအံ့အားသင့်ဖွယ်(၄-ဝ)နဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။တစ်ကမ္ဘာလုံးကပရိသတ်တွေတောင်ချီးကျူးခဲ့ရတဲ့ပါပူးအသင်းရဲ့မာကျောတဲ့စိတ်ဓာတ်တွေကြောင့်လည်းခုလိုအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဒ်ဖိုင်နယ်ပွဲစဉ်ကိုတော့စပိန်နိုင်ငံမက်ဒရစ်မြို့မှာပြုလုပ်တာကြောင့်ပါပူးပရိသတ်တွေဟာဘာစီလိုနာမြို့ထိသွားပြီးဘာစီလိုနာအသင်းရဲ့ပရိသတ်တွေအတွက်အသင်းအင်္ကျီတွေဘာစီလိုနာအမှတ်တံဆိပ်ပါပစ္စည်းတွေရောင်းတဲ့ဆိုင်ထဲကိုဝင်ပြီးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။မက်ဆီရဲ့ဓာတ်ပုံရှေ့မှာချန်ပီယံလိဒ်ဖလားအတုကြီးကိုပရိသတ်တွေကမြှောက်ပြီးအသင်းသီချင်းတွေဆိုကာအောင်ပွဲခံခဲ့တာပါ။ဆိုင်ထဲမှာလည်းချန်ပီယံဆိုတဲ့စာသားတွေအော်ဆိုပြီးပျော်မြူးနေတဲ့ပါပူးပရိသတ်တွေရဲ့ video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Goal en Español

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။