လီဗာပူးအသင်းနဲ့ စပါးမသင်းတို့ရဲ့ ဗိုလ်လုပွဲမှာတော့ လီဗာပူးအသင်းဟာ 2:0ဆိုတဲ့ ရလဒ်နဲ့ ချန်ပီယံလိဒ်ဆုဖလားကြီးကို ရ ရှိပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ဥရောပရဲ့ အမြင်ဆုံးဆိုတဲ့ ချန်ပီယံလိဒ်ဆုဖလားကြီးကို ရယူပေးတဲ့ လီဗာပူးအသင်းဟာ လူမှုကွန်ယက်ထက် အတော်လေးရေပန်းစားနေခဲ့တာပဲဖြစ်ပြီး အောင်ပွဲခံနေတဲ့ ပုံရိပ်လေးတွေဟာလဲ ပရိသတ်တွေဆီ အပျော်တွေကူးစက်ခဲ့ပါတယ်။

လီဗာပူးအသင်းနည်းပြ Jürgen Kloppနဲ့ ရုပ်ချင်းခွဲမရအောင် ဆင်တူလွန်းတဲ့ လူတစ်ယောက်ဟာ လီဗာပူးပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ လီဗာပူးအသင်းနည်းပြ ဖြစ်သူ Jürgen Kloppနဲ့တူလွန်းတာကြောင့် လူမှုကွန်ယက်ထက် အတော်လေးကိုလူပြောများခဲ့ပြီး ချက်ချင်းဆယ်လီဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ 

ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်ကြတဲ့ မက်ဆီ ရော်နယ်ဒို လာကာဇတ် အစ္စကိုတိုနဲ့ အမွှာတွေအလားထင်မှတ်ရလောက်အောင် ချွတ်စွက်တူလွန်းတဲ့ အဆိုပါသာမန်လူတွေဟာ အခုတော့ ဆယ်လီတွေဖြစ်လာကြပြီဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့ ခွဲမရအောင်ရုပ်ချင်းဆင်တူလွန်းလို့ သာမန်လူတွေရဲ့ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။