ဒီနှစ်ချန်ပီယံလိဒ်ဗိုလ်လုပွဲပြိုင်ပွဲမှာတော့လီပါပူးအသင်းက၆ကြိမ်မြောက်ဆုဖလားကြီးကိုသိမ်းပိုက်ပြီးအောင်ပွဲခံနိုင်ခဲ့ပါတယ်။ဒီပွဲမှာတော့တစ်ခြားနှစ်တွေနဲ့မတူအောင်ထူးခြားတဲ့နှစ်လို့ပြောလို့ရတာပါ။၂၀၀၈ခုနှစ်နောက်ပိုင်းအင်္ဂလန်ကလပ်အချင်းချင်းပြန်တွေ့ကြတဲ့ဖိုင်နယ်ဖြစ်ခဲ့ပြီးပရိသတ်တွေအကြိုက်သွင်းဂိုးတွေနဲ့ပါပူးအသင်းကအောင်ပွဲခံခဲ့နိုင်တာပါ။

ဒီပွဲစဉ်ရဲ့အစပိုင်မှာလည်းရေကူးဝတ်စုံနဲ့မိန်းကလေးတစ်ယောက်ကွင်းထဲပတ်ပြေးလို့ပွဲကိုခဏရပ်နားခဲ့ရတာပါ။ကွင်းထဲပတ်ပေးနေတဲ့ မိန်းကလေးဟာ ရုရှားမော်ဒယ်တစ်ဦးဖြစ်တဲ့ ကင်ဆေးဝိုလန်စကီးပဲဖြစ်ပါတယ်။သူမရဲ့ရည်ရွယ်ချက်ကတော့ ချစ်သူ ဗစ်တာလီ ဒိုရိုဗက်စကီးရဲ့ X အဆင့် သတ်မှတ်ချက်ရှိ ဟာသဝက်ဘ်ဆိုက်ကို ကြော်ညာဖို့အတွက် ဖြစ်ပါတယ်။

သူကတော့လူမှုကွန်ရက်ပရိသတ်တွေများစွာနဲ့အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပါတယ်။ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့သူမကဒီလိုလုပ်ရက်မျိုးကိုလုပ်ပြီး ဟာသဝက်ဘ်ဆိုက်ကြော်ငြာဖို့လုပ်ခဲ့သလိုသူ့ရဲ့ချစ်သူဗစ်တာလီ ဒိုရိုဗက်စကီးကလည်း2014 World Cup Final ဒီလိုလုပ်ရက်မျိုးကိုလုပ်ခဲ့ဘူးတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။