၂၁ ရာစုရဲ့ တားဆီးရအခက်ဆုံး တိုက်စစ်မှူးတွေထဲမှာ ပြင်သစ်လူငယ်ကစားသမား အမ်ဘာပီက တဦးအပါအဝင် ဖြစ်ပါတယ်။အမ်ဘာပီဟာ တားဆီးရခက်ကြောင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ အမ်ဘာပီဟာ အံ့ဖွယ်ကလေးလို့ နာမည်ပေးရလောက်အောင် စွမ်းဆောင်ရည်မြင့်တဲ့ ကစားသမားဖြစ်ကြောင်း ပီအက်စ်ဂျီနဲ့ ပြင်သစ်အသင်းမှာပါ ပြသခဲ့ပြီး မရှိမဖြစ် တိုက်စစ်မှူးတယောက် ဖြစ်လာပါတယ်။ 

ယခုမှာတော့ အမ်ဘာပီဟာ ရီးရဲအသင်းက ပေါင်သန်း၂၀၀နဲ့ခေါ်ယူရန်ပြင်ဆင်နေချိန် ပီအက်ဂျီကနေ ထွက်ခွာခွင့်တောင်းခံခဲ့ပါတယ်။ ပီအက်ဂျီမှာ နေမာနဲ့ သွေးအေးတဲ့ ဆက်ဆံရေးတွေ ရှိနေခဲ့သလို ချန်ပီယံလိဒ်မှာလဲ ၁၆သင်းအဆင့်ကနေပဲ လှည့်ပြန်လာရတာကြောင့် ဆုဖလားနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ရီးရဲအသင်းဆီပြောင်းချင်နေတာပါ။ 

ရီးရဲကတော့ အင်္ဂလန်ကလပ်တွေရဲ့ ဥရောပမှာကြီးစိုးနေပုံကို သိပ်ကြည့်လို့မရဘဲ အမ်ဘာပီအပြင် ချလ်စီးတိုက်စစ်မှူးဟာဇတ်ကိုလဲ ခေါ်ဖို့ ပြင်ဆင်နေတာပါ။ အမှန်တကယ်ဟာ အမ်ဘာပီကိုခေါ်ယူလို့ရခဲ့ရင် ဟာဇတ် အမ်ဘာပီ ဂျိုဗစ်တို့လူငယ်အတွဲက အသင်းကြီးတွေကြောက်ရမယ့် တိုက်စစ်အတွဲဖြစ်မှာသေချာပါတယ်။ ရီးရဲကတော့ ဥရောပမှာ ပြန်လည်ကြီးစိုးဖို့ ကြံစည်နေပြီဖြစ်ပါတယ်။

source: the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။