ဒီတစ်ခါဖော်ပြပေးချင်တာလေးကတော့ ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေ အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ခွေးလေးတွေဟာ သစ္စာအရှိဆုံး သတ္တဝါတွေထဲက တစ်ကောင်အပါအဝင်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်ဖု့ကောင်းတဲ့ အပြုအမှုလေးတွေကြောင့် မွေးထားတဲ့ အိမ်တိုင်းမှာ အသည်းကျော်လေးတွေ ဖြစ်နေတာလည်း မဆန်းလှပါဘူး...အခုဖော်ပြပေးမယ့် ခွေးလေးကတော့ နေ့တိုင်း သစ်ရွက်ကလေးကိုကိုက်ပြီး ဆိုင်ရှင်ဆီ မုန့်လာဝယ်တတ်တဲ့ ခွေးလေးအကြောင်းပဲ ဖြစ်ပါတယ်။

ကိုလမ်ဘီယာနိုင်ငံက ခွေးလေးတစ်ကောင်ဟာ ကောင်တာမှာ လူတွေ ပိုက်ဆံပေးပြီးဝယ်နေတာကို မြင်ရပါများပြီး နောက်တစ်နေ့ကျ ဆိုင်ရှင်ဆီကို သစ်ရွက်လေးတစ်ရွက်ကို ကိုက်ကာ ပိုက်ဆံထင်ပြီး ဈေးလာဝယ်တာပဲ ဖြစ်ပါတယ်။ သူ့စိတ်ထဲမှာတော့ သစ်ရွက်ကို ပိုက်ဆံထင်ပြီး လာဝယ်တာနဲ့ တူပါတယ်..ဒါနဲ့ပဲ ဆိုင်ရှင်လည်း သူရဲ့ ချစ်စရာကောင်းတဲ့ အမှုအရာလေးကြောင့် ကွတ်ကီးတစ်ခုကို ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း ခွေးလေးဟာ နောက်နေ့တွေမှာလည်း အခုလိုပဲ သစ်ရွက်ကလေးကို ကိုက်ပြီး ဆိုင်ရှင်ဆီမှာ အမြဲတမ်း ကွတ်ကီးတစ်ခုနဲ့ လာလဲလေ့ရှိပါတယ်။

ဆိုင်ရှင်ရဲ့ ပြောပုံအရ သူဟာ ကလေးလေးတွေ မုန့်ဝယ်ပြီး ပိုက်ဆံရှင်းတာကို အမြဲကြည့်နေတာပါ။ နောက်နေ့တွေမှာတော့ အခုလိုပဲ သစ်ရါက်လေးကို ကိုက်ပြီး ဈေးလာဝယ်တော့တာပဲရှင်" လို့ပြောကြားခဲ့ပါတယ်။ ခွေးလေးရဲ့ ဒီလိုချစ်စရာ ကောင်းတဲ့ အမူအရာလေးဟာ လူမှုကွန်ယက်ပေါ်ကို ပျံ့နှ့သွားပြီး ကြည့်မိသူတိုင်းကလည်း ဒီခွေးလေးကို ချစ်နေကြတာပဲ ဖြစ်ပါတယ်။ တခါတလေမှာ တိရစ္ဆာန်ဆိုပေမယ့်လည်း သူတို့ဆီမှာ ဒီလိုချစ်စရာကောင်းတဲ့ အပြုအမူမျိုးလေးတွေလည်း တွေ့ရတတ်ပါတယ် ပရိသတ်ကြီးရေ...

Source : Did You know ?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။