မကြာခဏကြားနေရတဲ့ သေနတ်ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုသတင်းတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိပါတယ်။ ငြိမ်ခြမ်းမှုမရရှိသေးတဲ့ ဒေသတွေမှာ အများစုဖြစ်ပွားလေ့ရှိပြီး တစ်ခါတစ်ရံမြို့ကြီးအချို့မှာလည်းဖြစ်ပွားလေ့ရှိတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ် (၆၉/၄) ကျားခြံတောင်တံတားအနီးနှင့် မိုင်တိုင်အမှတ်(၆၂/၃)နှင့် (၆၂/၄)တို့အကြား ဒီကနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် AA အဖွဲ့ ထောင်ထားသည့် မိုင်း ခုနစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် တံတားနှင့် ကားလမ်း အနည်းငယ်ပျက်စီးခဲ့ပြီး ကျန်ထိခိုက်မှုမရှိကြောင်း သိရပါတယ်။ မြေပုံမြို့နယ် ဂြန့်ဟင်းခါးရွာနှင့် ကိုင်းကြီးရွာအကြား ရန်ကုန်-စစ်တွေ သွား ကားလမ်း မိုင်တိုင်အမှတ်(၆၉/၄) ကျားခြံတောင်တံတားအနီးတွင် ဒီကနေ့နံနက် ၈ နာရီခန့်က ကားလမ်း၏ ဝဲ/ယာတွင် AA အဖွဲ့ ထောင်ထား သည့် မိုင်း နှစ်လုံး ပေါက်ကွဲခဲ့ရာ တံတားနှင့်ကားလမ်း အနည်းငယ်ပျက်စီးခဲ့ပြီး လူနှင့် တိရ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ကနဦးသတင်းများအရ သိရပါတယ်။  

အလားတူ နေ့လည် ၁၂ နာရီခန့်တွင် မြေပုံမြို့နယ် မီးကျောင်းတက် ကျေးရွာနှင့် တောင်ချေကျေးရွာအကြား ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ်(၆၂/၃)နှင့် (၆၂/၄)ကြား၌ ကားလမ်း၏ ဝဲ/ယာတွင် AA အဖွဲ့ ထောင်ထားသည့် မိုင်း ငါးလုံး ထပ်မံ၍ပေါက်ကွဲခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရပါတယ်။ AA အဖွဲ့အနေဖြင့် အများပြည်သူအသုံးပြုနေသော အဓိကဆက်သွယ် သည့် လမ်းမကြီးပေါ်တွင် မိုင်းထောင်လုပ်ငန်းများဆောင်ရွက်ခြင်းသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် ဒုက္ခရောက်စေရန် အဖျက် အမှောင့်လုပ်ငန်းများ ကျူးလွန်လျက်ရှိမှုအပေါ် ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိ ပါတယ်။

source - The Mirror Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။