အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ကတိပြုပြောကြားမှုတစ်ခုပြောကြားခဲ့ပါတယ်။

သူပြောကြားခဲ့တာကတော့ ဘရက်ဇစ်နှောင်းပိုင်းကာလမှ ဗြိတိန်နဲ့ ကောင်းမွန်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်ဟာ ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေနဲ့အနူ ပူးတွဲပြီး သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။

၎င်းသတင်းစာရှင်လင်းပွဲအတွင်းမှာဆိုရင်လည်း ထရမ့်ဟာ လူတွေမျှော်မှန်းထားသလို ထရီဆာမေ အရှက်ရစေနိုင်မယ့်စကားမျိုးမပြောဘဲ ထရီဆာမေကို ချီးမွမ်းပြောဆိုခဲ့တာတွေရပါတယ်။

ဒါ့အပြင် ထရမ့်ဟာ ဟွာဝေးနဲ့ပတ်သတ်ပြီး ဗြိတိန်နဲ့ မတူညီတာတွေအားလုံးကို ပယ်ဖျက်ခဲ့ပြီး ဗြိတိန်ဟာ အမေရိကန်ရဲ့ အရင်းနှီးဆုံးမဟာမိတ်ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

source - CBS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။