အခုတင်ဆက်ပေးမယ့် အကြောင်းအရာဟာဆိုရင်တော့ ဗီယက်နမ်နိုင်ငံမှ ဆရာဝန်တစ်ဦးက မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့တဲ့ "နားထဲမှာ ပင်ကူအိမ်" ဝင်ဆောက်ခြင်းခံရတဲ့သနားဖွယ်အမျိုးသမီးအကြောင်းပင်ဖြစ်ပါတယ်...။ ထိုလူနာအမျိုးသမီးဟာ နာကျင်စွာ ခံစားနေရပြီး ဆေးခန်းသို့ ရောက်ရှိလာခဲ့ပါတယ်...။ ပရိသတ်ကြီးရေ တစ်ကယ့်ကို ကြောက်စရာကောင်းပြီး အင်မတန် အသည်းယားစရာကောင်းတဲ့ ဖြစ်ရပ်ပါပဲနော်....။ စာဖတ်ပရိသတ်ကြီးလည်း အိမ်မှာနေရင်း ခေါင်မိုးထောင့်၊ နံရံထောင့်က ပင်ကူအိမ်တွေကို ရှင်းလင်းကာ အထူးဂရုပြုသင့်ပါတယ်....။

ဒေါက်တာ "Thuoc" ပြောပုံအရ ဗီယက်နမ်နိုင်ငံ "Hai Duong" မြို့လေးမှာ ဆေးခန်းဖွင့်ထားပါတယ်...။ တစ်နေ့မှာတော့ လူနာတစ်ယောက်ဟာ ပျာပျာသလဲလဲနဲ့ ပြင်းထန်စွာ နာကျင်ခံစားနေတဲ့ ပုံပေါ်ကာ ရောက်ရှိလာပါတယ်....။ "ကျွန်မ နားထဲမှာ...တစ်ခုခုဝင်သလိုခံစားနေရပါတယ်...၊ အမှုန်လား...၊ အဖတ်တစ်ခုခုလား...၊ ဘာလားတော့ မသိပါဖူး...၊ နောက်ဆုံး နေလို့မရတာနဲ့ ဆရာ့ ဆေးခန်းဆီပြေးလာလိုက်တာပါ..."လို့ လူနာဖြစ်သူက မျက်ရည်ဝဲကာ ဆိုခဲ့ပါတယ်...။ "ကျနော်က သေချာအောင် endoscope သုံးပြီး သူမရဲ့ နားလှိုှုင်ခေါင်းထဲသို့ သေချာစွာ ဖြဲကြည့်ခဲ့ပါတယ်...."၊ "အဲ့ဒီအခါမှာ သကောင့်သား က နားထဲမှာ ပင်ကူအိမ်စောင့်နေတာပါပဲ".....၊ "တော်သေးတာပေါ့ဗျာ...အချိန်စောသွားလို့၊ အကယ်၍ ဒီထက် အကောင်အထည် ကြီးသွားရင် ကျုပ်လည်း ထုတ်ပေးဖို့ဆိုတာ အခုလောက်မလွယ်ကူတော့ဖူးဆိုပြီး..." အံ့သြဝမ်းနည်းဖွယ်မျက်နှာထားနဲ့ ဖြေကြားခဲ့ကြောင့် ဖော်ပြပါ website များမှာ သိရှိရပါတယ်....။

အဆိုပါအကြောင်းအရာသည် တရုတ်နိုင်ငံမှာလည်းတစ်ထေရာတည်း ဖြစ်ဖူးပါသေးတယ်...။ ဆေးမှတ်တမ်းတင် ရိုက်ကူးခဲ့တာဖြစ်ပြီး ထိုသတင်းက ပေါက်ကြွားသွားရာ Media တွေက စိတ်ဝင်စားပြီး နိုင်ငံတကာကွန်ယက်တွေမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်....။ "ဗီယက်နမ် ဆရာဝန်" ထုတ်ပေးပုံကတော့ သေးငယ်သော ဓာတ်မီးလေးနဲ့ နားထဲသို့ ထိုးကာ "arachnid" ဆိုတဲ့ ပင်ကူအမျိုးအစားအကောင်ကို မြှားပြီး အပြင်သို့ထုတ်ပေးခဲ့ပါတယ်...။ တရုတ်နိုင်ငံမှာလည်း အမျိုးသားလူနာတစ်ဦးကို အောင်မြင်စွာ ထုတ်ပေးနိုင်ခဲ့ပါတယ်...၊ သို့သော် ထုတ်ပေးပုံထုတ်ပေးနည်းကတော့ ကွာခြားပါတယ်...။ Myanmarload ပရိသတ်ကြီးလည်း ဗဟုသုတဖြစ်ဖွယ် အနေအထိုင် ဂရုပြုရအောင် ဗီဒီယိုဖိုင်လေးနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်...။

Source UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။