ပြည်တွင်း အားကစားနည်းတွေထဲမှာရွှေတံဆိပ်များစွာရယူပေးနေတဲ့ မြန်မာ့ဗိုဗီနမ်ပြိုင်ပွဲကိုတော့ ပရိသတ်တွေသိမယ်ထင်ပါတယ်။ သိုင်းပညာတွေထဲမှာ ကမ္ဘာအသိအမှတ်ပြု အားကစားတစ်ခုဖြစ်သလို ထူးချွန်ထက်မြတ်တဲ့ အားကစားသမားများစွာကိုလည်း မွေးထုတ်ပေးနေတဲ့ ပညာတစ်ရပ်လည်းဖြစ်ပါတယ်။ အဆိုပါ ဗိုဗီနမ်ပြိုင်ပွဲကို ပြည်တွင်း နေရာအနှံ့အပြားမှာ ဆော့ကစားလေ့ရှိပြီး နိုင်ငံဂုဏ်ဆောင်အားကစားသမားများစွာကိုလည်း ထုတ်ဖော်နိုင်ခဲ့တာတွေ့ရပါတယ်။  

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲတွေကို တတိယအကြိမ်မြောက်ကျင်းပလျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၅ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး ဝဏ္ဏသိဒ္ဓိ အားကစားရုံ(ဃ)တွင်ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဗိုဗီနမ်အားကစားနည်းသည် (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမတိုင်မီအချိန်ကသာ မြန်မာနိုင်ငံကို ရောက်ရှိလာသည့် အားက စားနည်းဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံ၏ ရိုးရာကိုယ်ခံ အားကစားနည်းဖြစ်ကြောင်း အရှေ့တောင်အာရှနှင့် ဥရောပအဆင့် ပြိုင်ပွဲ များတွင် ထည့်သွင်းကျင်းပ နေသော အားကစားနည်းတစ်ခုလည်းဖြစ်ပြီး ဗိုဗီနမ်အားကစားနည်းသည် မြန်မာ့ရိုးရာသိုင်းပညာ၏ ဟန်ပန်များနှင့် ရာခိုင်နှုန်းတော်တော်များများ တူညီကြောင်း သိရပါတယ်။ 

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အတိုက်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ၊ တစ်ကိုယ်တော် အပြပြိုင်ပွဲ များ၊ တစ်ဦးချင်းအတိုက် ကီလိုတန်း ပြိုင်ပွဲများကျင်းပပြုလုပ်ရာ အဆိုပါပြိုင်ပွဲ များအား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း(၁၁)သင်း၊ အားကစားသမား စုစုပေါင်း (၁၅ဝ)ဦးတို့သည် ဇွန်လ(၅)ရက်နေ့မှ ဇွန်လ(၇)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစား(ဃ)ရုံတွင် နေ့စဉ်နံနက်(၉းဝဝ)နာရီမှစ၍ အမျိုးသား/အမျိုးသမီး အုပ်စုပတ်လည်ပွဲစဉ်များကို စတင်ကစားကြမှာဖြစ်ကြောင်း သိရပါတယ်။

source - Myanmar Vovinam Association 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။