လက်ဝှေ့ပြိုင်ပွဲတွေကတော့အားအင်အပြည့်နဲ့ကစားရတာဖြစ်တာကြောင့်အထိအခိုက်အများဆုံးကစားနည်းဖြစ်သလိုအသက်ပါဆုံးရှုံးနိုင်တဲ့ကစားနည်းပဲဖြစ်ပါတယ်။ဒါမယ့်ပွဲတောက်လျောက်လုံးကလည်းပရိသတ်တွေကိုရင်ခုန်စရာထိုးကွက်တွေပေးနိုင်တာကြောင့်တစ်ကမ္ဘာလုံးကပရိသတ်တွေစိတ်ဝင်စားအားပေးနေကြတဲ့ကစားနည်းလည်းဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာလက်ဝှေ့အားကစားနည်းကိုကမ္ဘာ့အနှံနာမည်မျိုးစုံနဲ့ကျင်းကကြပြီး MMA၊ UFC ပြိုင်ပွဲတွေကတော့ကမ္ဘာပေါ်မှာပရိသတ်အားပေးမှုအများဆုံးပြိုင်ပွဲတွေပဲဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲတွေမှာကစာသမားတွေကလည်းပွဲချိန်တောက်လျောက်ကိုအကောင်းဆုံးထိုးကွက်တွေနဲ့ပွဲကောင်းတစ်ပွဲကိုဖန်တီးပေးတာပါ။ပွဲတိုင်းနီးပါးကလည်းသွေးထွက်သံယိုနဲ့ပရိသတ်တွေရင်တဒိတ်ဒိတ်ဖြစ်စေတာပါ။

ခုမှာလည်းအကောင်းဆုံးပွဲစဉ်တွေထဲကတစ်ပွဲကိုပရိသတ်တွေအတွက်မိတ်ဆက်ပေးချင်တာပါ။အမေရိကန်နိုင်ငံသားနှစ်ယောက်ဖြစ်တဲ့ Derek Campos vs. Brandon Girtz တို့ရဲ့ပွဲစဉ်မဖြစ်ပြီးမျက်တောင်တစ်ချက်မခတ်ရလောက်အောင်ကိုပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာပါ။နှစ်ယောက်လုံးရဲ့အားပါတဲ့ထိုးချက်တွေကြောင့်ကြိုးဝိုင်းကြမ်းပြင်တစ်ခုလုံးသွေးတွေဖုံးလွှမ်းသွားပေမယ့်နောက်ဆုံးအချိန်ထိထိုးသတ်သွားကြတဲ့ပွဲကောင်းတစ်ပွဲကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

SOURCE:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။