ပြီးခဲ့တဲ့ဇွန်လ ၅ ရကနေ့က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ထဲမှာ ကားတစ်စီးလမ်းဘေးမြောင်းမဲ ထိုးကျခဲ့တယ်လို့သိရပါတယ်။

၎င်းကားကတော့ SUV ကားအမျိုးအစားဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့လက်ကနေ လွတ်အောင်ထွက်ပြေးရင်း အခုလိုလမ်းဘေးမြောင်းထဲ ထိုးကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းကားပေါ်မှာတော့ ဟွန်ဒူးရပ်စ် ၊ မက္ကဆီကို ၊ ဂွါတီမာလာ နဲ့ အယ်လ်ဆာဗေဒို နိုင်ငံတို့က အထောက်အထားမဲ့ ရွှေ့ပြောင်းလာသူတွေ ဒါဇင်နဲ့ချီလိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။

၎င်းကားဟာမြောင်းထဲထိုးကျခဲ့ပြီးနောက် ကားပေါ်ကလူတွေတော်တော်များများဒဏ်ရာရရှိခဲ့တာကြောင့် ရဲတွေဟာ ကားပေါ်လိုက်ပါလာသူအားလုံးကိုဖမ်းဆီးနိုင်ခဲ့ပေမယ့် ကားမောင်းသူကတော့ ထွက်ပြေးသွားတယ်လို့ ပြောကြားထားပါသေးတယ်။

ဒါ့အပြင် ၎င်းကားမြောင်းထဲထိုးကျမှုကြောင့်လည်း ဒဏ်ရာရရှိသူတွေသာမက သေဆုံးသူအနေနဲ့ဆိုရင်လည်း ၆ ဦးအထိရှိခဲ့ပါတယ်။

၎င်းသေဆုံးခဲ့သူ ၆ ဦးလုံးဟာဆိုရင်လည်း အယ်လ်ဆာဗေဒို နိုင်ငံသားတွေဖြစ်ကြတယ်လို့ သိရပါတယ်။

Source- UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။