ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ လူတိုင်းလူုတိုင်း ဖြတ်သန်းခဲ့ရတဲ့ ကလေးဘဝကပုံရိပ်လေးတွေ ပဲ ဖြစ်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် အရွယ်ရောက်လာတာနဲ့ တပြိုင်နက် ဝမ်းစာအတွက်ရုန်းကန်လာရတာကြောင့် ပျော်စရာတွေဟာ တ ဖြည်းဖြည်းနဲ့ ရှားပါးလာခဲ့ရပါတယ်။

ဒါ့ကြောင့် ကလေးလေးဘဝဟာ ဘဝမှာ ဘာအရောင်မှ မဆိုးထားပဲ အဖြူထည်သက်သက်နဲ့ တစ်ကယ်ကို ချစ်ဖို့ကောင်းလှပါတယ်။ အခုဖော်ပြတဲ့ ပုံလေးတွေမှာမှာဆိုရင် အပူအပင်ကင်းလှတဲ့ ကလေးလေးတွေရဲ့ အပြုံးတွေဟာ ကြည့်တဲ့သူကိုတောင် အပျော်တွေကူးစက်သွားပါတယ်။ နာမည်ကြီးသီချင်းထဲက စာသားလို အပူပင်ကင်းတဲ့ ကလေးလေးဘဝကို ပြန်သွားချင်တဲ့ သူတွေရှိပါသလား ပရိသတ်ကြီးရေ…

ဒီပုံလေးတွေမှာ ဟိုးအရင်ကတည်းက ကလေးတွေကြားရေပန်းစားခဲ့တဲ့ မြန်မာ့ရိုးရာ ကစားနည်းတွေကိုလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီရော ငယ်ငယ်တုန်းက အခုလို ကလေးဘဝအမှတ်ရစရာလေးတွေကို Comment မှာ ပြန်လည်ဝေမျှခဲ့လို့ရပါတယ်နော်။ ကောင်းမွန်အေးချမ်းသော တနေ့တာကို ပိုင်ဆိုင်နိုင်ပါစေ ပရိသတ်ကြီးရေ…

Photo Source: Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။