Zack Snyder ပထမဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားက Dawn of the Deadဇာတ်ကားပါ။ အဲ့ဇာတ်ကားကလည်း အကောင်းဆုံးဇွန်ဘီးဇာတ်ကားစာရင်းတွေမှာတစ်ခုအပါအဝင်ပါ။ အရင်းအနှီးထုတ်ငွေကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၈သန်းပါ။

ပြန်ရငွေကတော့ အမေရိကန်ဒေါ်လာ၁၀၂သန်းကျော်ပါ။ဇွန်ဘီဇာတ်ကားတွေအတိုင်း

ရွံစရာတွေ၊သေလူတွေ၊ညစ်တီးညစ်ပတ်တွေ၊အနိုင်ကျင့်မှုတွေ၊ခြောက်ဖြားဖွယ်ရာတွေ၊

တစ်ကိုယ်ကောင်းဆန်မှုတွေ၊အနစ်နာခံမှုတွေနဲ့အတူလူသားဆွဲဖြတ်ကိုက်သတ်စားသောက်ပုံ

တွေအများကြီးပါ။ 

Dawn of the Dead ဇာတ်ကားက ဒီလိုပါ…

Ana အလုပ်အကိုင်က သူနာပြုပါ။အဝေးတစ်နေရာမှာ အချိန်ကာလအတန်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် သူ့ယောကျင်္ာ Luis နဲ့ အတူနေထိုင်ရာ ဆင်ခြင်ဖုံးရပ်ကွက်ထဲ

ပြန်လာခဲ့ပါတယ်။ပထမဆုံးလင်မယားပြန်လည်ဆုံတွေ့ပွဲမှာသူတို့နှစ်ယောက်စလုံး မသိလိုက်တာတစ်ခုရှိပါတယ်။အဲ့တာကတော့ အရေးပေါ်သတင်းကိုလွတ်သွားတာပါ။

နောက်တစ်နေ့မနက်…ကြည်လင်တဲ့သွေးရောင်အာရုံဦးအထွက်..

အိမ်နီးချင်းမလေး..ဆယ်ကျော်သက်အရွယ် Vivian တစ်ယောက် သူတို့လင်မယားအိပ်ခန်းထဲဝင်လာတဲ့အချိန်ကစပြီး…သွေးစွန်တော့ပါတယ်…

ထူးခြားတဲ့အပြုအမှုကြောင့် Luis က Vivian ကို ဘာဖြစ်လဲသွားရောက်မေးမြန်းချိန်မှာပဲ

Vivian က Ana အရှေ့မှာ သူ့ယောကျင်္ာ Luis ကိုနာကျင်စွာ ကိုက်လိုက်သလို..

Luis တစ်ယောက်စူးရှစွာအော်ဟစ်ရင်း ကုတင်ပေါ်အရောက်..Vivan ကလည်းAna ကို

ကိုက်ဖြတ်ဖို့ ပြေးအလား…Ana တစ်ယောက် ရူးမိုက်စွားစူးရှကြည့်ရင်အော်ဟစ်လိုက်သလို

Ana တစ်ယောက် Vivian ကိုလှည့်စားတိုက်ခိုက်ပြီး အိမ်အပြင်ပြေးထွက်အလာမှာတော့

ဇွန်ဘီတွေက ဆင်ခြေဖုံးအရပ်ကို သိမ်းလိုက်တာသိလိုက်သလို..သွေးစွန်းတဲ့ အာရုံဦးဆိုသကဲသို့

Ana တစ်ယောက် ကားနဲ့ပြေးထွက်လာပါတော့တယ်..ကားရေဒီယိုက သတိပေးသံကြားတဲ့နောက်

Ana သိလိုက်တာကတော့ ငရဲဲဲပြည်ကလက်မခံတဲ့ သေသူတွေ ကမ္ဘာမှာကြီးစိုးနေသလို အဲ့တာတွေဟာ ရိုင်းစိုင်းတိုက်ခိုက်ကိုက်ဖျက်ကြတဲ့အပြင် အမှန်တကယ်ခြောက်ခြားစရာပါ။ 

Ana တစ်ယောက် ကံကောင်းထောက်မစွာနဲ့ပဲလူတစ်စုနဲ့ အတူ ရှော့ပင်းမောလ်ထဲမှာအဖွဲ့ငယ်လေးတစ်ဖွဲ့ ဖွဲ့ကာ ဇွန်ဘီတွေရန်ကိုခုခံရင်… Lake Michigan ရှိကျွန်းငယ်လေးတစ်ခုက ဇွန်ဘီရန်ကင်းဝေးနေတာကြောင့် ရွက်လှေမှတစ်ဆင့် အဲ့ရောက်ဖို့ကြိုးစားရင်း

ဘယ်လိုဝမ်းနည်းစရာတွေကြံတွေ့ရမလဲဆိုတာကတော့…

7.4/10IMDb

75%Rotten Tomatoes

59%Metacritic

Source: Dawn of the Dead

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။