ပတ်ဘလို ရူးအစ် ဝိုင် ပီကာဆို (၁၈၈၁-၁၉၇၃) ဟာ စပိန်လူမျိုးပန်ချီပညာရှင်ကြီး တစ်ဦးဖြစ်ပြီး စပိန်နိုင်ငံ မာလာဂါမြို့တွင် ဖွားမြင်ခဲ့ပါတယ်။ ဖခင်မှာ ပန်းချီဆရာတစ်ဦးဖြစ်ပြီး ပန်ချီသင်တန်းများကိုလည်း ဖွင့်လှစ်သဖြင့် မျိုးရိုးရှိသူဟုဆိုနိုင်ပါတယ်။ အသက် ၁၄နှစ်တွင်ပင် ပန်းချီတွင် ကောင်းစွာအစွမ်းပြနိုင်သောကြောင့် ပါရမီရှိသူအဖြစ် အများက သတ်မှတ်ခြင်းခံရပြီး ပန်းချီဆွဲခြင်းကို အသက်ထက်ဆုံးတိုင် ပြုလုပ်သွားကာ (၂၀)ရာစု ပန်းချီပညာရှင်အားလုံးအနက် လူသိအများဆုံးလို့တောင် တင်စားထားကြပါတယ်။

ပီကာဆိုဟာ ဟန်အမျိုးမျိုးဖြင့် ပုံများရေးဆွဲတတ်ပြီး အခြားပန်းချီပညာရှင်များအပေါ် ကြီးမားစွာ ဩဇာလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ပီကာဆို၏ အစောဆုံးလက်ရာများကို အဓိကအားဖြင့် အပြာရောင်ဖြင့်ခြယ်မှုန်းခဲ့တာကို တွေ့နိုင်ပါတယ်။ နောက်ပိုင်းတွင် ဂဲဩမေတြီပုံသဏ္ဌာန် အစိတ်အပိုင်းများဖြင့် ရုပ်ပုံများစွာရေးဆွဲလာပြီး ကျူဗစ်ဆင် (Cubism) ခေါ် ပန်းချီရေးနည်းရေးဟန်အဖြစ် နာမည်ကြီးပါတယ်။ ပီကာဆို၏ အထင်ရှားဆုံး ပန်းချီကားများစွာအနက် ဂွါနီကာ (Guernica) လည်း ပါဝင်ပြီး နိုင်ငံရေးအငွေ့အသက်မကင်းသည့် အဆိုပါပန်းချီကားမှာ စပိန်နိုင်ငံ ပြည်တွင်းစစ်ကာလအတွင်း မြို့တစ်မြို့ပျက်စီးသွားရပုံကို သရုပ်ဖော်ထားတာပဲ ဖြစ်ပါတယ်။

ပီကာဆိုဟာ ပန်းချီပညာသာမက ပန်းပုအတတ်ကိုပါ ကောင်းစွာ တတ်ကျွမ်းပြီး ဘဲလေးအက(Ballet) အတွက်လည်း နောက်ခံကားများကို ရေးဆွဲပေးခဲ့ပါသေးတယ်။။ ကဗျာစပ်ရာတွင်လည်း မညံ့သူတစ်ောက်ဖြစ်ပြီး ကျောက်ထွင်းပန်းချီ အပါအဝင် အခြားသော အနုပညာလက်ရာ အများအပြားပင် ကျန်ရှိနေပါသေးတယ်။ ထူးထူးခြားခြား ပန်းချီဆွဲသက်ကြာလွန်းပြီး ၇၅နှစ်မျှ ပန်းချီများ ရေးဆွဲခဲ့သူ တစ်ယောက်ဖြစ်ကာ တစ်ပါတ်တွင် ပန်းချီ ၅ ကားနှုံးရေးဆွဲခဲ့ပြီး ပန်းချီကားပေါင်း ၂၀ဝဝဝ ကျော်ကို လက်ရာမထပ်စေရအောင် ရေးဆွဲခဲ့သူဖြစ်ပါတယ်။ ပန်းချီကျော်ဖြစ်သည်နှင့် အညီ သူ့ရဲ့ ပန်းချီကားများ ဈေးကောင်းရသဖြင့် ချမ်းသာသူတစ်ဦးဖြစ်လာပါတယ်။ ထူးခြားချက်အနေနဲ့တော့ စပိန်နိုင်ငံသား ဖြစ်သော်လည်း ကွယ်လွန်ချိန်အထိပြင်သစ်နိုင်ငံ၊ မိုဂျင်(Mougins)တွင်သာ နေထိုင်သွားခဲ့သူလည်း ဖြစ်ပါတယ် ပရိသတ်ကြီးရေ...

Source : Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။