ပရိသတ်ကြီးကို အခုတစ်ခါဖော်ပြပေးချင်တာကတော့ နှစ်ပေါင်း ၁၀၀အထိခံနိုင်ရည်ရှိတဲ့ Hoddie အနွေးထည်အကြောင်းပဲ ဖြစ်ပါတယ်။ အဝတ်အစားတွေဟာ ပျမ်းမျှအားဖြင့် နှစ်အနည်းငယ်လောက်သာ ခံနိုင်တာဖြစ်ပြီး ယိပြဲကုန်ကြတာဖြစ်ပါတယ်။ ဒါပေမယ့်အခု ဖော်ပြမယ့် အနွေးထည်လေးကတော့ သင်အပြင် နောက်ထပ်မျိုးဆက်တွေကိုပါ လက်ဆင့်ကမ်းပြီး အမွေပေးနိုင်လောက်အောင် သက်တမ်းရှည်ပြီး အကြမ်းခံလွန်းလှသောကြောင့် ဖြစ်ပါတယ်။

ဒီအနွေးထည်လေးကတော့ အဝတ်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vollebak ကုမ္ပဏီကထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ အနွေးထည်ဒီဇိုင်းဟာ သာမန်ကြည့်ရင် ရိုးရှင်းတဲ့ပုံစံလို့ ထင်ရပေမယ့်လည်း အာကာသဝတ်စုံတွေ၊ စစ်တပ်ဝတ်စုံတွေလိုမျိုး အလွန်အကြမ်းခံအောင်ဒီဇှိုင်း ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဒဏ်၊ လေဒဏ်၊ မီးဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိအောင်ပြုလုပ်ပြီး ကုမ္ပဏီကတော့ အခုအနွေးထည်ဟာ ကမ္ဘာ့ပထမဆုံး နှစ် ၁၀၀အထိ မပျက်မစီးပဲ ဝတ်လို့ရမယ့် အနွေးထည်ဖြစ်ပါတယ်လို့ ကြွေးကြော်ထားပါတယ်။

ဒါ့အပြင် Vollebak ကုမ္ပဏီဟာ အနွေးထည်အပြင် နှစ်၁၀၀ သက်တမ်းရှိတဲ့ ဘောင်းဘီကိုလည်း ထုတ်လုပ်ထားပြီး အဆိုပါဘောင်းဘီဟာလည်း အနွေးထည်လိုပင် သဘာဝဘေးဒဏ်တွေကို ခံနိုင်ရည်ရှိတာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ကတော့ အနွေးထည်ရဲ့ ဈေးနှုန်းကတော့ ၃၉၅ ဒေါ်လာဖြစ်ပြီး ဘောင်းဘီရဲ့ ဈေးနှုန်းကတော့ ၆၄၅ ဒေါ်လာတန်ဖိုးရှိပါတယ်။

Source : Vollebak

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။