ပြည်တွင်းဒုတိယအရေးအကြီးဆုံးဖြစ်တဲ့ မွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အကောင်ထည်ဖော်လုပ်ဆောင်မှုတွေကတော့ များစွာရှိနေပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံကိန်းဒေသဖြစ်သည့် လွယ်မောကျေးရွာအုပ်စု၊ မိုးနဲကျေးရွာ၌ ကျွဲ၊ နွား၊ ဝက်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများမဖြစ်ပွားစေရေးအတွက် မနေ့က မွန်းလွဲ (၁) နာရီတွင် ပင်လောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးခဲ့ကြောင်း သိရပါတယ်။  

ဟောပြောပွဲကို မိုးနဲဘုန်းတော်ကြီးကျောင်း၌ ပင်လောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါတ်တာနီနီဝင်းက အိမ်းမွေးတိရစ္ဆာန်များဖြစ်သော ကျွဲ၊ နွား၊ ဝက်များ မွေးမြူခြင်းကြောင့် ကျေးလက်နေပြည်သူလူထုများ ပိုမိုဝင်ငွေးတိုးပွားစေပြီး ကျေးလက်ဒေသ ဆင်းရဲမှု လျော့ချရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နောင်တရားမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဦးခွန်သန်းထွန်းမှ တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများအကြောင်းနှင့် အနာရောဂါများအကြောင်းကို ရှင်းလင်းခြင်းနှင့် ကာကွယ်ခြင်း၊ ကုသခြင်း ဆိုင်ရာများအကြောင်းကို ဟောပြောခဲ့ကြောင်း သိရပါတယ်။ 

ဆက်လက်၍ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ မယ့်ဖားလုံဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံကိန်း ဒေသများဖြစ်သော လွယ်မောကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ မွေးပြင် ကျေးရွာ အုပ်စုများအတွင်းရှိ ကျွဲ၊ နွား၊ ဝက်များအား ကာကွယ်ဆေးထိုးခြင်း၊ ကျေးရွာနေ ပြည်သူများအား ပညာပေးဟောပြောခြင်း လုပ်ငန်းကိုအကြိမ် (၂၀)ထိ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ ဟောပြောပွဲသို့ မိုးနဲကျေးရွာ၊ သရမ္ဗူကျေးရွာ၊ လယ်ကြားကျေးရွာ၊ ကျောင်းကုန်း ကျေးရွာများမှ မွေးမြူရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားသူ ကျေးရွာနေလူထုများ စုစုပေါင်း (၁၆၀)ဦးကျော် တက်ရောက် ခဲ့ကြောင်းသိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။