အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ဖလားပြိုင်ပွဲအုပ်စု(F)ရဲ့အဖွင့်ပွဲအဖြစ်အမေရိကန်အသင်းနဲ့ထိုင်းအမျိုးသမီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီးအမေရိကန်အသင်းကထိုင်းအသင်းကို(၁၃-ဝ)နဲ့အနိုင်ရရှိခဲ့ပါတယ်။ထိုင်းအမျိုးသမီးအသင်းဟာဒီကမ္ဘာ့ဖလားပြိုင်ပွဲကိုအာစီယံဒေသတွင်းမှာတစ်သင်းတည်းသောအဖြစ်ပါသမိုင်းတစ်လျောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းအမျိုးသမီးဟာဒီအုပ်စုမှာတော့ပြီးခဲ့တဲ့ကမ္ဘာ့ဖလားချန်ပီယံအမေရိကန်အသင်းအပါအဝင်ဆွီဒင်၊ချီလီစတဲ့နာမည်ကြီးထိပ်သီးအသင်းတွေနဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ထိုင်းအသင်းဟာအမေရိကန်အသင်းကိုအစစအရာရာမယှဉ်နိုင်တာကြောင့်ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ထိုင်းအသင်းကတော့သမိုင်းတစ်လျောက်ဂိုးအပြတ်ဆုံးရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပြီးအမျိုးသမီးကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာလည်းဂိုးအပြတ်ဆုံးရှုံးပွဲဖြစ်ခဲ့ရပါတယ်။ထိုင်းအသင်းဟာဒီဂိုးပြတ်အရှုံးကြောင့်အုပ်စုတက်ဖို့မျှော်လင့်ချက်နည်းပါးသွားခဲ့ပြီဖြစ်ပါတယ်။ထိုင်းအသင်းဟာအာစီယံဒေသတွင်းမှာစိတ်ဓာတ်အမာဆုံးဖြစ်တာကြောင့်နောက်ပွဲတွေရလဒ်ကောင်းဖို့ဆုတောင်းပေးရင်း highlight video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:FIFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။