မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ဇွန်လ ၁၁ ရက်က စင်ကာပူအသင်းနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နည်းပြသစ် ရာဂျူလိုဗစ်အတွက် အဖွင့်လှပခဲ့ပါတယ်။ မြန်မာအသင်းက တိုက်စစ်မှူး ကျော်ကိုကို၏ ပွဲချိန် (၅)မိနစ်နှင့် (၆၈)မိနစ် သွင်းဂိုးများဖြင့်အနိုင်ရခဲ့ခြင်း ဖြစ်ပြီး စင်ကာပူအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် (၂၅)မိနစ်တွင် ဂါဘရီရယ်လ်က သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။

စင်ကာပူအသင်းက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ထက်နဲ့ နောက်ခံလူတွေ အကောင်းဆုံးပုံစံနဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။" ဒီနေ့ပွဲက ကျွန်တော့်အတွက် မြန်မာအသင်းကို အနိုင်ရလဒ်နဲ့ စတင်ပေးနိုင်ခဲ့ပါတယ်။ စင်ကာပူကို အနိုင်ရခဲ့တဲ့ အတွက် ဆူဇူကီးဖလား အပါအဝင် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကြိုတင်ပြင်ဆင်ဖို့ စိတ်ဓာတ်ခွန်အား ဖြစ်ရပါတယ် " ဟု မြန်မာအသင်း နည်းပြချုပ် မီရိုဒရက် ရာဂျူလိုဗစ်က ပြောပါတယ်။

စင်ကာပူရောက် မြန်မာပရိသတ်တွေနဲ့ နိုင်ငံတော်သီချင်းကို အားမာန်အပြည့်နဲ့ဟစ်ကြွေးနေတဲ့ မြန်မာကစားသမားတွေရဲ့ ဗီဒီယိုဟာ မြန်မာနိုင်ငံသားတိုင်းရဲ့ စိတ်ကို နိုးဆော်ပေးခဲ့ပါတယ်။ ကိုယ်နိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို သူများမြေပေါ်မှာ အားမာန်အပြည့်သီဆိုနေတဲ့ ဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

source: mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။