ဒီအမျိုးသမီးလေးရဲ့နာမည်ကတော့ အယ်လမတ်ဇ် ဒါရာဆီဖြစ်ပြီး သူမဟာ အီသီယိုးပီးယား နိုင်ငံအနောက်ပိုင်း မယ်တူမြို့မှာနေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးလေးတစ်ဦးပဲဖြစ်ပါတယ်။

သူမဟာ အိမ်ထောင်သည်တစ်ယောက်ဖြစ်တာကြောင့် ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဖြစ်နေပေမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရဖို့ကို အရမ်းစိတ်အားထက်သန်နေသူလေးတစ်ဦးပဲဖြစ်ပါတယ်။

အရင်အချိန်စာရင်းအရတော့ သူမကလေးမီးဖွားရမယ့်ရက်ဟာ စာမေးပွဲဖြေဆိုပြီးမှာဖြစ်ပေမယ့် မွတ်ဆလင် ဥပုသ်လ ရာမဒန်ကြောင့် စာမေးပွဲကို ရက်ရွှေ့လိုက်တဲ့အခါ စာမေးပွဲစဖြေရမယ့်နေဟာ သူမကလေးမီးဖွားရမယ့်နေ့ ဇွန်လ ၁၀ ရက်နေ့ တနလာၤနေ့နဲ့ သွားတိုက်နေခဲ့ပါတယ်။

သို့ပေမယ့် ပညာကိုအရမ်းလိုချင်ပြီး စာမေးပွဲဖြေရဖို့ကို အရမ်းစိတ်အားထက်သန်တဲ့ ၎င်းအမျိုးသမီးလေးကတော့ သူမရဲ့ရင်သွေးလေးကို မွေးဖွားပြီး နာရီဝက်အကြာမှာပဲ သူမဟာစာမေးပွဲကို စဖြေခဲ့ပါတယ်။

စာမေးပွဲဖြေတဲ့အခါမှာဆိုရင်လည်း သူမရဲ့ခင်ပွန်း တာဒါဆီတူးလူးရဲ့ ကြိုးပမ်းမှုကြောင့် စာသင်ကျောင်းကတာဝန်ရှိသူတွေဟာ စာမေးပွဲပထမဆုံးနေ့မှာဖြေရတဲ့ အင်္ဂလိပ်စာ ၊ သချာၤ နဲ့ အမ်ဟားရစ် ဘာသာတို့ကို ဆေးရုံမှာပဲဖြေဆိုခွင့်ရခဲ့ပါတယ်။

မနေ့ကနဲ့ ဒီနေ့မှာဆိုရင်တော့ သူမဟာ သက်ဆိုင်ရာစာစစ်ဌာနမှာ သွားရောက်ဖြေဆိုရမှာဖြစ်ပြီး လက်ရှိအချိန်ထိဖြေဆိုထားသမျှ ဘာသာရပ်တွေအားလုံးကိုလည်း ဖြေနိုင်တယ်လို့ သိရပါတယ်။

ကလေးမွေးတဲ့အချိန်မှာဆိုရင်လည်း သူမဟာ မွေးပြီးတာနဲ့ စာမွေးပွဲဖြေရမယ်ဆိုတဲ့အတွေးကြောင့် သိပ်မနာကျင်ခဲ့ရသလို ကလေးကလည်းကျန်းမာ စာမေးပွဲလည်း ဖြေနိုင်လို့ ပျော်ရွှင်နေတယ်လို့သိရပါတယ်။

SOURCE - FBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။