ရီးရဲအသင်းခေါင်းဆောင်ရာမို့စ်ကတော့ သူရဲ့ ချစ်သူလေး ပီလာရူဘီယိုနဲ့ ဇွန်လ(၁၅)ရက်နေ့တွင် လက်ထပ်ပွဲဆင်နွှဲရန် စီစဉ်ထားပြီး ဆီဗီးလ်ကက်သဒရယ်လ်တွင် မင်္ဂလာပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။La Alegria SR4 အပန်းဖြေအိမ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ AC/DC ကို ဖိတ်ကြားထားကာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်မှာပဲ ဖြစ်ပါတယ်။

ရာမိုစ်ကတော့ သူရဲ့ မင်္ဂလာဆောင်ပွဲအတွက် ဖိတ်ကြားထားတဲ့ စာရင်းမှာ ရီးရဲမှာအတူလက်တွဲခဲ့တဲ့ ရော်နယ်ဒိုမပါဝင်လာဘဲ စပိန်အသင်းဖော်ပီကေး ရီးရဲအသင်းဖော်ဟောင်း ဒေးဗစ်ဘတ်ခမ်း မာဆယ်လိုတိုနဲ့အတူ ရီးရဲအသင်းသားများ စပိန်မှာလက်တွဲခဲ့တဲ့ ကစာသမားများကို ဖိတ်ကြားခဲ့ပြီး ကြီးကျယ်ခမ်းနားစွာကျင်းပမှာပဲဖြစ်ပါတယ်။

ရာမို့စ်အနေနဲ့ ရော်နယ်ဒိုကို မဖိတ်ကြားတဲ့ အကြောင်းကတော့ ရော်နယ်ဒိုအနေနဲ့ ဂျုပီကို ပြောင်းရွှေ့တဲ့ ကိစ္စမှာ သေဘောထားကွဲလွဲနေလို့ပဲဖြစ်ပါတယ်။ ရီးရဲအသင်းခေါင်းဆောက်ရာမိုစ့်ကတော့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ရီးရဲအသင်းနဲ့ စပိန်အသင်းအတွက် မရှိမဖြစ်ကစားသမားပဲဖြစ်ပါတယ်။

SOURCE: Marca

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။