မြန်မာလူမျိုးတွေရဲ့ ရှေ့အရင်ဓလေ့တွေထဲမှာ လှူဒါန်းခြင်းကိုတော့ အားလုံးကြားသိကြမယ်ထင်ပါတယ်။ မိမိတက်စွမ်းနိုင်သလောက်ကို လက်တကမ်းမှာလှူဒါန်းလေ့ရှိကြပြီး ကောင်းမှုကုသိုလ်တွေကို ရသလောက်စုဆောင်းလျှက်ရှိတာပဲဖြစ်ပါတယ်။ အဆိုပါ လှူဒါန်းမှုတွေထဲမှာ ထူးထူးခြားခြားနဲ့ ပရိသတ်တွေကို အားကျစေခဲ့တဲ့ အလှူတစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ အလှူလေကတော့ ခရီးသွားပြည်သူတွေအခမဲ့ယူဆောင်စားသုံးနိုင်တဲ့ Food Box အလှူလေးပဲဖြစ်ပါတယ်။ ၎င်းလုပ်ဆောင်မှုကို မန္တလေးကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားမှာပြုလုပ်ထားတာဖြစ်ပြီး လူမျိုးဘာသာ အဆင့်အတန်းမရွေး မည်သူမဆို အခမဲ့ဝင်ယူ စားသုံးနိုင်ကြောင်းသိရပါတယ်။ အဆိုပါ Food Box နဲ့ပတ်သက်ပြီး" ဒီFood Box နေရာမှာ အရင်က အခမဲ့စာကြည့်တိုက်ပုံးရှိခဲ့ပေမယ် ဇွန်လ ၁၀ ရက်က စတင်ပြီး စာအုပ်၊ ဂျာနယ်တွေအပြင် အအေးဘူးနဲ့ အဆာပြေမုန့်တွေပါ ထည့်ပေးထားတာ ဖြစ်ပါတယ်။ Food Box မှာ လိုအပ်တဲ့ အအေးဘူးနဲ့မုန့်တွေကို One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့က အမြဲလာရောက် ဖြည့်စွက်လှူဒါန်းနေတာဖြစ်ပြီး ပုဂ္ဂလိက အလှူရှင်တချို့ကလည်း လာရောက်လှူဒါန်းတာတွေ ရှိနေကြောင်း" သိရပါတယ်။  

One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့မှ ဦးဝမ်းက “အခုလို Food Box ပြုလုပ်ပေးတာက လမ်းသွားလမ်းလာတွေ၊ ဈေးသည်တွေ၊ အပန်းဖြေလာသူတွေ၊ ခရီးသွားတွေနဲ့ လုပ်သားပြည်သူတွေ ရေငတ်ပြေသောက်သုံးဖို့နဲ့ ဗိုက်ဆာရင် အဆာပြေစားဖို့ ပြုလုပ်ပေးတာပါ” လို့ ပြောပြထားပါတယ်။ အခုလို လူမျိုးဘာသာမရွေး အဆင့်အတန်းမရွေး အခမဲ့ စားသုံးနိုင်ဖို့ ရည်ရွယ် ဖွင့်လှစ်ထားတဲ့ Food Box မှာ မိမိတို့အတွက် ပိုလျှံနေတဲ့အစားအသောက်တွေ၊ စာအုပ်တွေနဲ့ ဂျာနယ်တွေကို လာရောက်လှူဒါန်းကြဖို့ကိုလည်း ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။ One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့က မန္တလေးကျုံးပတ်လည်မှာ Food Box တွေထပ်တိုးချထားနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

photos - DVB Tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။