မြန်မာနေရှင်နယ်လိဒ်မှာ ခြေစွမ်းကောင်းတွေ လက်စွမ်းကောင်းတွေ ပြသနေတဲ့ ကစားသမားတွေများစွာရရှိသလို တတ်သစ်စလူငယ်တွေလဲ ရရှိနေပါတယ်။ ယနေ့မှာတော့ ဟံသာဝတီယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်ကိုအကောင်းဆုံး ကာကွယ်ပေးနေပြီး Clean Sheetငါးပွဲအထိ ရရှိထားတဲ့ ဟံသာဝတီယူနိုက်တက်ရဲ့ ဂိုးသမား ကိုကိုနိုင်အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။  

လူတိုင်း လူတိုင်းမှာ စိတ်ကူးယဉ်အိမ်မက်ဆိုတာ ရှိကြစမြဲပါ။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာက တခြားဖြစ်နေတာတော့ ရှိတတ်ပါတယ်။ ဒီလိုပါပဲ ဘောလုံးကွင်းထဲမှာ တောင်ပံ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ချင်ပေမယ့်လဲ ဂိုးသမားဖြစ်နေရရှာတဲ့ ကစားသမား တစ်ယောက်ရှိပါတယ်။ သူကတော့ ဟံသာဝတီယူနိုက်တက်အသင်းရဲ့ ဂိုးသမား ကိုကိုနိုင် ဖြစ်ပါတယ်။  

အခုနှစ် MPT Myanmar National League အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမ အကျော့အပြီးမှာ ကိုကိုနိုင်ဟာ ပေးဂိုးမရှိ(Clean Sheet) ငါးပွဲအထိ ရခဲ့သလို ဟံသာဝတီယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်ကို အကောင်းဆုံး လက်စွမ်းပြ ကာကွယ်ပေးနေတဲ့ ဂိုးသမားတစ်ယောက်လဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကိုကိုနိုင်ရဲ့ ဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

SOURCE: Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။