ပရိသတ်ကြီးကို သတင်းတွေဖတ်ရတာမပျင်းစေဖို့အတွက် ဒီတစ်ခေါက်မှာ ထူးထူးဆန်းဆန်းလေးလေးတစ်ခု ဖော်ပြပေးလိုက်ပါတယ်။ ခေါင်းစဉ်မှာ မြင်ခဲ့ရတဲ့အတိုင်းပဲ ယောကျာ်းလေးတွေအတွက်ထုတ်ဝေထားတဲ့ ဒီစာအုပ်လေးဟာ မိန်းကလေးတွေအကြောင်းကို ရေးသားပြီး ထုတ်ဝေထားတဲ့ စာအုပ်တစ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်ထဲမှာတော့ ဘာဆိုဘာမှ မရေးထားပဲ စာရွက်အားလုံး ပြောင်ကြီးပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ 

Everything Men Know About Women လို့အမည်ရတဲ့ ဒီစာအုပ်ဟာ စာရေးဆရာ Dr. Alan Francis ရဲ့ လက်ရာ ဖြစ်ပြီး စာမျက်နှာပေါင်း ၁၀၀ ရှိကာ စာအုပ်အတွင်းပိုင်းမှာ ဘာဆိုဘာမှကို မရေးထားပဲ ဒီအတိုင်းပြောင်ကြီးပဲ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ စာရေးဆရာဟာ ဒီစာအုပ်ထွက်ရှိလာဖို့အတွက် မိန်းကလေး ထောင်ပေါင်းများစွာကို အချိန်ယူလေ့လာကာမေးမြန်းပြီး သုတေသနပြုလုပ်ခဲ့ရပါတယ်။ နောက်ဆုံး သုတေသနအပြီးမှာတော့ စာအုပ်ထဲမှာ ဘာမှမရေးတော့ပဲ ဒီအတိုင်း စာရွက်ပြောင်ကြီးပဲ ထုတ်ဝေလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီစာအုပ်ဟာ အရောင်းရဆုံး စာအုပ်စာရင်းထဲမှာ ပါဝင်ခဲ့ပြီး အကြိမ်ရေတော်တော်များများ ပြန်လည်ထုတ်ဝေခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ နာမည်ကြီး Online Shoppingတစ်ခုဖြစ်တဲ့ Amazon ကတော့ ဒီစာအုပ်ဟာ အမျိုးသမီးတွေ သူတို့ရဲ့ လက်တွဲဖော်ယောကျာ်းလေးတွေကို ပေးဖို့ အကောင်းဆုံးလက်ဆောင်ဖြစ်တယ်လို့တောင် ညွှန်းထားပါတယ်။ တစ်ကယ်ပဲ ဒီစာအုပ်ထဲကအတိုင်း မိန်းကလေးတွေအကြောင်းဟာ ရေးသားလို့မကုန်နိုင်ဘူးလားဆိုတာ ဖြေခဲ့ပါအုန်း ပရိသတ်ကြီးရေ....

Source:original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။