ကိုပါအမေရိကဘောလုံးပြိုင်ပွဲတွေကိုတော့ဘရာဇီးနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတာပါ။ဒီနေ့မနက်အစောပိုင်းမှာတော့နာမည်ကြီးအာဂျင်တီးနားအသင်းဟာကိုလံဘီယာအသင်းနဲ့ကစားခဲ့ပြီး(၂-ဝ)နဲ့ရှုံးနိမ့်ခဲ့ပါတယ်။အဖွင့်ပွဲမှာတင်အရှုံးနဲ့ရင်ဆိုင်လိုက်ရပြီဖြစ်တဲ့အာဂျင်တီးနားအသင်းကတော့ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာပါ။

အာဂျင်တီးနားအသင်းဟာမက်ဆီ၊အဂူရိုစတဲ့အဓိကကစားသမားအများစုနဲ့ပွဲထွက်လာပြီးကိုလံဘီယာအသင်းကိုဖိအားပေးကစားခဲ့ပါတယ်။ဒါမယ့်ထင်သလောက်တိုက်စစ်ကိုမကစားနိုင်ပဲဘောလုံးပျက်နေတာနဲ့တင်ပထမအပြီးမှာဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ကိုလံဘီယာအသင်းဟာကစားကွက်ပိုကောင်းလာခဲ့ပြီးRodriguez တို့ရဲ့အကွက်ကျကျဖန်တီးပေးမှုကနေ၇၁မိနစ်မှာ Martinez ကအဖွင့်ဂိုးစတင်သွင်းယူခဲ့ပါတယ်။ဦးဆောင်ဂိုးပေးရပြီးနောက်ပိုင်းအာဂျင်တီးနားတို့ခြေပဂိုးရဖို့ကြိုးစားပေမယ့်ကိုလံဘီယာအသင်းကလည်းအကောင်းဆုံးကစားခဲ့တာကြောင့်ခြေပဂိုးရဖို့ခက်ခဲခဲ့ပါတယ်။ဒီလိုနဲ့ပဲ ၈၆မိနစ်မှာ Zapata ကအနိုင်ဂိုးသွင်းပြီးပွဲအပြီးမှာ(၂-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ဒီနေ့ပွဲမှာတော့မက်ဆီဟာဂိုးရဖို့ခက်ခဲပြီးကလပ်အသင်းမှာပဲသွင်းနိုင်ပြီးနိုင်ငံအသင်းမှာမသွင်းနိုင်တာကြောင့်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနဲ့ထိုက်တန်လားဆိုပြီးဝေဖန်မှုတွေထွက်လာခဲ့ပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။