ပရိသတ်ကြီးတို့ အနေနဲ့ ခီမောင်နှံကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးဖြစ်မှာပါ.။ နိုင်ငံတကာ အဆင့်မှီတဲ့ စံချိန်တင် ရုပ်ရှင်ဇာတ်ကားကြီးကို အချိန်ကုန်၊ငွေးကြေးကျကုန်ခံကာ ဖန်းတီးတင်ဆက်ပြနိုင်သူ ဇနီးမောင်နှံဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း "Now and Ever" ခေါ် "ထာဝရနှောင်ကြိုး"ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရှေ့က တင်ဆက်ပြသခဲ့တဲ့ '' ဥပါယ်တံမျဉ်" ၊ "မုဒြာခေါ်သံ" အစရှိသည့် ရုပ်ရှင်ဇာတ်ကားကြီးနည်းတူ နိုင်ငံတကာ တန်းဝင်အောင် ရိုက်ကူးဖန်းတီး ခဲ့တာဖြစ်ပါတယ်....။

ရုပ်ရှင်သရုပ်ဆောင်ပိုင်းမှာတင်မက ဇာတ်ညွန်း၊တေးရေး၊တေးဆို နေရာတွေမှာ ပိုင်နိုင်ကျွမ်းကျင်တဲ့သူဖြစ်တာကြောင့် မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ ဝန်းရံအားပေးလျက်ရှိတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ မိန်းမကို အရိပ်တကြည့်ကြည့်နဲ့ အမြဲ ကြည့်နေတတ်တဲ့ မင်းသားဇာဏ်ခီကတော့ ဇနီးကိုအရမ်းချစ်တတ်တဲ့ ခင်ပွန်ကောင်းတစ်ယောက်အဖြစ် ပရိတ်သတ်တွေကြားမှာ ရေပန်းစား ချီးကျူးခံနေရတတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်နေတဲ့ ခီမောင်နှံကို အားလုံးက ချစ်ခင်ဝန်းရံလျက်ရှိတာပါ...။

ခီမောင်နှံတို့ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေစဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "Happy Father’s Day....ချစ်ခြင်း မေတ္တာတွေလွှမ်းခြုံထားတဲ့ ဖေဖေ့ရဲ့ အချစ်အိမ်မှာ နိုဝါလေး ရော မေမေရော ပျော်ရွှင်ရတဲ့အတွက်ကျေးဇူးပါ..." ဆိုတဲ့ ခရစ္စတီးနားခီရဲ့ ဆုတောင်းဂုဏ်ပြုစကားလေးနဲ့အတူ အမှတ်တရ မိသားစုပုံရိပ်တွေကိုထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီး ကြည့်ရှုခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Christina Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။