မိုးဟေကိုဟာ အနုပညာလောကို ဝင်ရောက်စဉ်အချိန်ကတည်းက ယနေ့အချိန်ထိ ပရိတ်သတ်တွေရဲ့ချစ်ခင်နှစ်သက် အားပေးမှုတွေ ရရှိထားတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ယခုအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေနည်းနေပြီး စီးပွားရေးဘက်ကို ပိုမိုလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါပင်မဲ့ သူမကိုချစ်ခင်တဲ့ပရိသတ်တွေကတော့ ယနေ့တိုင်အားပေးနေဆဲလည်း ဖြစ်ပါတယ်။  

အသက်သုံးဆယ်ကျော်လို့ထင်ရက်စရာမရှိလောက်အောင် သူမရဲ့အလှအပတွေဟာ အခုချိန်ထိ နုပျိုလှပနေဆဲပါ။ မိုးဟေကိုဟာ ဖက်ရှင်ဘုရင်မလို့ခေါ်ရလောက်အောင်ပဲ သူမရဲ့ဖက်ရှင်ဟာ မြင်ရသူတိုင်းရဲ့ရင်ကိုအေးမြစေတာပဲ ဖြစ်ပါတယ်။ ဇာတ်တိုင်းမှာ ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သူပါ။ အခုချိန်မှာတော့ ဇာတ်ကားတွေကိုအရိုက်နည်းသွားပေမယ့် အနုပညာအလုပ်တွေကို ဆက်လက်လုပ်အောင်နေတုန်းပဲ ဖြစ်ပါတယ်။  

ဇွန်လဟာတော့ မိုးဟေကိုရဲ့မွေးလလေးပဲ ဖြစ်ပါတယ်။ သူမဟာ မကြာခင်မှာကျရောက်မယ့် သူမရဲ့မွေးနေ့အလှူအဖြစ်ရန်ကုန်ဆေးရုံကြီးမှာ အလှူဒါနပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်မှာလည်း " မိုးရဲ့မွေးနေ့နားနီးတော့ မွေးနေ့အလှူဒာနအဖြစ်

မနက်ပိုင်းစောစော ရန်ကုန်ဆေးရုံကြီးမှာ လူ၆၀၀စာ

မနက်စာဆန်ပြုတ် နဲ့ နေ့လည်စာ

ကြက်ကြော်နဲ့ထမင်း များကို

ရွှေကြာပရဟိတလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများရဲ့ ကူညီပေးမှုနဲ့အတူ ကိုယ်တိုင်သွားရောက်

လှူဒာန်းဖြစ်ခဲ့တယ်

ပီးတော့ ရန်ကုန်ကလေးဆေးရုံကြီးမာလည်း

ကလေးအယောက်၂၀၀အတွက်

ဆေးဖိုးအလှူငွေပေးဖြစ်ခဲ့တယ်

မိုးအခုလို အလှူဆန္ဒလေး ဖြစ်မြောက်အောင် မအားလပ်တဲ့ ကြားကနေ ရှေ့ဆောင်လမ်းပြ

ကူညီဆောင်ရွက်ပေးတဲ့ မိုး ချစ်ရတဲ့ ဆရာဂျွန်ကိုလည်း

ကျေးဇူးတင်ပာတယ် " ဆိုပြီးဝေမျှထားတာပဲ ဖြစ်ပါတယ်။

Photo - Li John Photography

Source- Moe Hay Ko 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။