မြန်မာနေရှင်နယ်လိဒ်ပွဲစဉ်၁၂ရဲ့ပွဲတစ်ပွဲဖြစ်တဲ့ရန်ကုန်ယူနိုက်တက်အသင်းနဲ့ရခိုင်ယူနိုက်တက်အသင်းတို့ရဲ့ပွဲကိုတော့မနေ့ကရန်ကုန်အသင်းရဲ့အိမ်ကွင်းမှာကစားခဲ့ပါတယ်။ဒီပွဲမှာတော့ရန်ကုန်အသင်းက(၄-ဝ)ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ဒီနေ့ပွဲကတော့ရန်ကုန်အသင်းဟာ၄ဂိုးပြတ်အနိုင်ရခဲ့ပေမယ့်ခက်ခက်ခဲခဲကစားပြီးမှနိုင်ပွဲကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ရန်ကုန်ယူနိုက်တက်အသင်းရဲ့၄ဂိုးမြောက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာကတော့မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်းသန်းပိုင်ပဲဖြစ်ပါတယ်။သူကတော့ဒဏ်ရာပြဿနာကြောင့်အသင်းကနေအချိန်တော်ကြာအနားယူနေရတဲ့ကစားသမားဖြစ်ပါတယ်။၂၀၁၅ယူ၂၀ကမ္ဘာ့ဖလားဝင်ဖို့တစ်လုံးထဲသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ခြေစွမ်းတွေကိုခုမှာပြန်မြင်ရဖို့ရှိနေတာပါ။

မနေ့ကရန်ကုန်ယူနိုက်တက်အသင်းရဲ့အနိုင်ဂိုးတွေကိုတော့ကောင်းထက်စိုး၊ မီလာ၊ ဆယ်လာ နှင့် သန်းပိုင် တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းဟာဒီပွဲအနိုင်ကြောင့်ရှမ်းယူနိုက်တက်အသင်းကိုတစ်မှတ်ဖြတ်ပြီးအမှတ်ပေးဇယားအဆင့်၁နေရာမှာရပ်တည်နေနိုင်ခဲ့ပါတယ်။ပရိသတ်တွေအတွက်လည်းရန်ကုန်ယူနိုက်တက်အသင်းရဲ့ သန်းပိုင်ရဲ့သွင်းဂိုးလေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:YUFC TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။