ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေအပြင် ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတဲ့ အားကျစရာအနုပညာရှင်ဆယ်လီမောင်နှံလေးကတော့ အဆိုတော်အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးမှုတွေအပြင် နားလည်အလိုလိုက်မှုလေးတွေနဲ့ တည်ဆောက်ထားကြတဲ့ သူတို့မိသားစုလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး Scarlett Phyo Tun ကြောင့် ပိုပြီးကြည်နူးပျော်ရွှင်နေတာလည်း တွေ့ရပါတယ်နော်..။


အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ မိသားစုလေးကတော့ ကြည်နူးစရာ မိသားစုပုံရိပ်လေးနဲ့ ပရိသတ်တွေကို အမြဲအားကျကြည်နူးပြီး အပျော်လေးတွေကူးစက်စေသလို ဇွန်လ(၁၆)ရက်နေ့က ကျရောက်ခဲ့တဲ့ အဖေများနေ့လေးမှာလည်း မိသားစုလိုက် လျှောက်လည်ခဲ့ကြပြန်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်တဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေးနဲ့အတူ မိသားစုတွေစုံစုံညီညီ လျှောက်လည်ကစားရင်း အမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကလည်း မြင်သူတိုင်းကို အားကျစေတာ တွေ့ရပါတယ်နော်..။


မိသားစုပုံရိပ်လေးတွေနဲ့အတူ “ဒေါ်ဖေချစ် ဒေါ်ဖေခင် ဒေါ်Scarlett ဖြိုးထွန်း

ဦးကျော်ဖြိုးထွန်းနဲ့ ရုပ်ကလည်းတူ စိတ်ကလည်းတူသေး” ဆိုပြီးတော့ မေမေမြတ်ရတနာကျော်က ဖေဖေဖချစ်တဲ့ သမီးလေးအကြောင်းကိုလည်း ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်နော်..။

ချစ်စရာကောင်းလွန်းလို့ လူတိုင်းက အားကျရတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့မိသားလေးရဲ့ ကြည်နူးပျော်ရွှင်စရာ မိသားစုပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှပေးလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo - မြတ်ရတနာကျော်၊ Ye Min Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။