ပရိသတ်ကြီးရေ ခန္ဓာကိုယ်အမိုက်စားလေးနဲ့ ပုရသိတွေရဲ့ အသည်းစွဲဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင်အွန်ဆိုင်းကိုသိကြမယ်ထင်ပါတယ်နော်။ ဖက်ရှင်ဒီဇိုင်းလန်းလန်းလေးတွေနဲ့ ပွဲတက်လာတဲ့ သူမရဲ့ အလှအပက မြင်သူတကာတို့ နှစ်ခါပြန်ကြည့်ရလောက်အောင်ပင်ဆွဲဆောင်ညှို့ယူနေတာဖြစ်ပါတယ်။ အေးအေးဆေးဆေးတည်တည် ငြိမ်ငြိမ်နေတက်သူဖြစ်ပြီး သူငယ်ချင်းတွေနဲ့လည်းပျော်ရွင်စွာ အချိန်ပေးနေထိုင်တက်သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာဆိုရင် နိုင်ငံတကာအဆင့်မှီတဲ့ Miss တစ်ယောက်လည်းဖြစ်ပြီး ပရိသတ်အများအပြားရဲ့ချစ်ခင်လေးစားမှုကိုရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူမရဲ့ ခန္ဓာကိုယ်လှပမှုနှင့် ကျန်းမာရေးကောင်းအောင် gym လေ့ကျင့်ခန်းကို စနစ်တကျနဲ့ ပုံမှန်ကစားဖြစ်နေတာကို ပရိသတ်ကြီးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ စွန့်စားခရီးတွေကိုလည်း ထွက်လေ့ရှိပြီး ပြည်တွင်း၊ ပြည်ပ နေရာအနှံ့ကိုစုံအောင် လည်ပတ်နေသူတစ်ယောက်ပါ..။ ပင်လယ်လှိုင်းစီးတာတို့၊ တောင်တက်တာတို့၊ မြင်းစီးခြင်းစတဲ့ အားကစားတွေကို နှစ်သက်မြတ်နိုးသူတစ်ယောက်လည်းဖြစ်ပါတယ်...။ ရေကူးဝတ်စုံလေးတွေနဲ့ စွဲမက်ဖွယ် အမိုက်စားပုံရိပ်လေးတွေဟာဆိုရင် မြင်သူတကာကို နှစ်သက်စတောပါ...။

ခရီးသွား အမှတ်တရ ဗီဒီယိုဖိုင်လေးတွေကိုလည်း ရိုက်ကူးပေးလျက်ရှိပြီး ပရိသတ်တွေ ဗဟုသုတရဖွယ် ကြည့်ရှုခံစားရအောင် ပြန်လည်တင်ဆက်ပေးလေ့ရှိတာပါ...။ အွန်ဆိုင်းဟာ ပရိသတ်ကြီးနဲ့ အမြဲရင်းနှီးမှုရှိနေအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း New York သို့ရောက်ရှိနေပြီး အမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့တာကို Myanmarload ပရိသတ်ကြီး ကြည့်ရှုခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Awn Seng

Photo Credit U Kyaw Min Tun (Kevin)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။