ပရိသတ်အသည်းကျော်ကြီး အောင်လအန်ဆန်းကတော့ လက်ဝှေ့လောကမှာ နာမည်ကြီးကြောက်စရာအကောင်းဆုံး ဖိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။ လက်ဝှေ့စည်းဝိုင်းထဲမှာ ဖိုက်တာတစ်ဦးဖြစ်ပေမယ့် မိသားစုအပေါ် အလွန်ချစ်တက်တဲ့ ဖခင်ကောင်လည်းဖြစ်ကြောင်း အမြဲသူ့ရဲ့ လုပ်ရပ်လေးတွေနဲ့အတူ ပြသတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။   

ပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားပြီး ယနေ့အထိ မိစုံဖစုံနဲ့ နေထိုင်နေရသူတစ်ဦးလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်းကတော့ မိဘဖြစ်သူတွေကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး မိဘတွေနဲ့ပတ်သက်ရင်လည်း လိုလေသေးမရှိ အောင်ထားပေးတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ မနေ့ကကျရောက်ခဲ့တဲ့ အဖေများနေ့မှာလည်း အောင်လအန်ဆန်းကတော့ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေနဲ့အတူ အမှတ်တရတစ်ခု ပြုလုပ်ပေးခဲ့တာတွေ့ရပါတယ်။   

အဆိုပါ အမှတ်တရစာသားလေးကတော့ "ဖခင်နေရာမှာရှိနေသူတွေအားလုံးပဲပျော်ရွှင်စရာအဖေများနေ့ဖြစ်ပါစေ။နောက်ထပ်နှစ်တွေအထိကျွန်တော်တို့ရဲချစ်လှစွာသောသားသမီးမျိူးဆက်လေးတွေနဲ့ပျော်ရွှင်ရပါဦးမယ်။ကျွန်တော်တို့ရဲ့အချိန်တွေကို သူတို့လေးတွေကို ချစ်ခင်ယုယရင်းကုန်ဆုံးကြပါစို့။" ဟူ၍ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အတိတ်ကပုံရိပ်တွေနဲ့အတူ ဖခင်ဖြစ်သူတွေရဲ့ ပုံရိပ်တွေကိုပါ ပူးတွဲပြသခဲ့တဲ့ အောင်လအန်ဆန်းရဲ့ပုံရိပ်အချို့ကိုမျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။