ဒီတစ်ခေါက်မှာ ဗဟုသုတရစရာအနေနဲ့ ဖော်ပြပေးချင်တာကတော့ ဂျပန်နိုင်ငံအပြင် တစ်ကမ္ဘာလုံးမှာပါ ထင်ရှားလှတဲ့ ယာကူဇာဂိုဏ်းသားတွေရဲ့ တက်တူးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ လှပတဲ့ဆေးချက်တွေနဲ့ ခြယ်မှုန်းထားတဲ့ အနုစိတ်လက်ရာတွေအပြင် အဓိပ္ပါယ်မျိုးစုံ သက်ရောက်နေတဲ့ တက်တူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကတော့ ယာကူဇာဂိုဏ်းသားတွေအကြား အထိုးများဆုံး တက်တူးတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဂိုဏ်းရဲ့ ရိုးရာနဲ့အတူ ဂိုဏ်းသားတွေမှာရှိတဲ့ တက်တူးတွေကလည်း မတူညီကြပါဘူး။

ရွှေငါးပုံစံကတော့ မိမိရဲ့ ဘဝကံကြမ္မာတစ်လျှောက် ကံကောင်းစေဖို့လို့ အဓိပ္ပါယ်ရပါတယ်။ နောက်ထပ်အထိုးများဆုံးတက်တူးကတော့ နဂါးပုံစံတက်တူးဖြစ်ပြီး သူ့ရဲ့အဓိပ္ပါယ်ကတော့ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်တဲ့ ကျေးဇူးရှင်တွေလို့ သတ်မှတ်ထားကြပါတယ်။နောက်ထက်အထိုးများတဲ့ တက်တူးကတော့ Foo dogs လို့ခေါ်တဲ့ ဗုဒ္ဓကျောင်းဆောင်ကို ကာကွယ်စောင်ရှောက်တဲ့ ခြင်္သေ့ပုံစံတွေကိုလည်း ထိုးကြပါတယ်။

သူ့ရဲ့ အဓိပ္ပါယ်ကတော့ နတ်ဆိုးတွေနဲ့ မကောင်းတဲ့အရာတွေကနေ ကင်းဝေးစေနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီ့အပြင် ဆာကူရာ ပန်းပွင့်ပုံစံလည်း အထိုးများကြပြီး ထိုပန်းဟာ ဂျပန်နိုင်ငံရဲ့ သင်္ကေတဖြစ်တဲ့အပြင် သူ့ရဲ့ အဓိပ္ပါယ်ကတော့ ဘဝဟာတိုတိုလေးဆိုပေမယ့် အရောင်အသွေးစုံစုံနဲ့ လှပခြင်းကို ကိုယ်စားပြုပါတယ်။ ဒါတွေကတော့ များပြားလှတဲ့ ယာကူဇာတက်တူးတွေထဲမှာမှ အထိုးများဆုံး တက်တူးအနည်းငယ်လောက်ကိုသာ ဖော်ပြပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ယာကူဇာတက်တူးပုံတွေကိုလည်း ဗဟုသုတရစေရန်အလို့ငှာ ဖော်ပြပေးထားပါတယ်နော်။ နောက်ထပ်တက်တူးတွေကိုလည်း နောက်ပိုင်းမှာ အလျဉ်းသင့်သလို ရေးသားးသွားပါအုန်းမယ်ဗျ။

Source : Ranker

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။