ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ယောင်္ကျားပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားသလို မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုလည်း သိမ်းပိုက်ထားသူလေးပါ..။

အေးချမ်းတဲ့ အလှပိုင်ရှင်မလေး စိုးပြည့်လေးကတော့ အနေအေးသူလေးတစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို မိဘတွေအတွက်လည်း သမီးအလိမ္မာလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်..။


ဇွန်လ(၁၆)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့အဖေများနေ့လေးမှာလည်း သူမရဲ့ ချစ်ဖေဖေအတွက် ဆုတောင်းစကားလေးဆိုပြီး ဖခင်ဖြစ်သူကို ဂုဏ်ပြုလိုက်တာလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်..။

“ဒီနေ့အဖေများနေ့တဲ့...အများကြီးဆုမတောင်းချင်ပါဘူး...သမီးချစ်တဲ့ဖေကြီးအမြဲစိတ်ချမ်းသာစွာနဲ့ကျန်းကျန်းမာမာနဲ့ပျော်ရွှင်ပါစေ....ဖေကြီးလိုချင်တဲ့...အမြတ်ဆုံးတရားများကိုလည်းရှာဖွေတွေ့ရှိနိုင်ပါစေဖေကြီး..” ဆိုပြီး ချစ်စဖွယ်လေး ဆုတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်နော်..။


သားအဖနှစ်ယောက် ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ဆုတောင်းစကားလေးတွေနဲ့အတူ ကြည်နူးစွာ ပြန်လည်မျှဝေထားပါသေးတယ်နော်..။

ချစ်စရာကောင်းပြီး အေးချမ်းတဲ့ အပြုံးအလှပိုင်ရှင်မလေး စိုးပြည့်လေးရဲ့ ကြည်နူးစရာ ဆုတောင်းစကား ပို့စ်လေးအောက်မှာလည်း ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

Photo - စိုးပြည့်သဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။