အသံချိုချိုလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်တဲ့ အဆိုတော်လေးကတော့ အိုင်ရင်းဇင်မာမြင့်ပဲဖြစ်ပါတယ်။ သူမရဲ့သံစဉ်တွေဟာ ပရိသတ်တွေကြားမှာ အတော် လေးခေတ်စားခဲ့ပြီး သီချင်းခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။ Melody World က တင်မြှောက်ပေးလိုက်တဲ့ အဆိုပညာရှင်တွေဖြစ်ပြီး လက်ရှိအချိန်ထိ ဂီတလောကမှာ အောင်မြင်မှုသရဖူဆောင်းထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ မနေ့ကညပိုင်းမှာ အိုင်ရင်းတစ်ယောက် One Lady Show တစ်ပွဲလုပ်ပြီးရင် ဂီတလောက ကနေ အနားယူ တော့မယ်ဆိုတဲ့အကြောင်းကို ပရိသတ်တွေကို အသိပေးလိုက်တာပဲဖြစ်ပါတယ်။

ဒီလိုအသိပေးပြောကြားလိုက်တဲ့ Post အောက်မှာ အဆိုတော် ယုန်လေးက " ဟာာာာ သေတဲ့အထိဆိုနေရမယ် လောင်းမလားညီမလေး ကိုယ့်ဝါသနာပါလို့ လုပ်နေတဲ့ အလုပ် တစ်ခုလေ . အရမ်းပင်ပန်းလာတယ် . ဂီတလောကကြီးပျက်စီးလာလည်း စိတ်ပါမှ ထ ဆိုပေါ့ တစ်သက်လုံးနားမယ်ဆိုတာစကားအဖြစ်ပါ . နေနိုင်လို့လား Fighting ညီမလေး " ဆိုပြီး နှစ်သိမ့်စကားပြောထားတာပဲဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကလည်း မနားဖို့ ဝိုင်းဝန်းဖြောင်းဖျခဲ့ကြပါတယ်။

ဒီနောက်မှာတော့ အကယ်ဒမီခန့်စည်သူ၊ တင်ဇာမော်၊ စန္ဒီမြင့်လွင်နဲ့ ညီမင်းခိုင်တို့က အသီးသီးအားပေးစကားတွေပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ထွန်းတောက်နေတဲ့ ကြယ်တစ်ပွင့်ကြွေလွင့်မှာကို ဘယ်သူမှမလိုလားကြပါဘူး။ နားထဲမှာစွဲနေဆဲဖြစ်တဲ့ သူမရဲ့သံစဉ်တွေဟာ ဘယ်အချိန်ပဲ ဖြစ်ဖြစ် လိုက်ပါစီးမျောလို့ကောင်းနေဆဲပါပဲ။ တော်တဲ့ ထက်တဲ့ ဂီတကြယ်တစ်ပွင့်ကိုတော့ မှေးမှိန်မသွားစေချင်တာ အားလုံးရဲ့ဆန္ဒပါပဲ။

Photo - Irene Zin Mar Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။