ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသားကျော်ကျော်နဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်တို့ကတော့ ပရိသတ်တွေကို အမြဲပျော်ရွှင်ရယ်မောစေကြတဲ့ အချစ်တော်လေးတွေပဲ ဖြစ်ပါတယ်နော်..။

ပျော်ပျော်နေတတ်ကြပြီး စနောက်တတ်ကြတဲ့ အသည်းကျော်လေး အနုပညာရှင်မောင်နှမနှစ်ယောက်ကတော့ လတ်တလောမှာလည်း ဇာတ်ကားတွေ အတူ ရိုက်ကူးနေပြီး ရိုက်ကွင်းပေါ်က အခွီပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိကြတာလည်း တွေ့ရပါတယ်..။


အခုတစ်ခါမှာလည်း ဇာတ်ကားရိုက်ကူးရင်း ရိုက်ကွင်းပေါ်မှာ စနောက်ရင်း အဆူရိုက်ကူးဆော့ကစားထားတဲ့ Tik Tok အခွီဗီဒီယိုလေးနဲ့အတူ ပရိသတ်တွေကို အချစ်ပိုအောင် ဖမ်းစားလိုက်ပြန်ပါတယ်နော်..။

ဦးဇာဂနနဲ့ နေတိုးတို့ သီဆိုထားကြတဲ့ ရုပ်ရှင်ဇတာ်ဝင်တေးသီချင်းလေးနဲ့ အချုပ်ခန်းထဲမှာ “ခိုးဆိုးလုနှိုက်” ဆိုပြီး ရိုက်ကူးသရုပ်ဆောင်ထားကြတာမို့ ချစ်ပရိသတ်တွေကလည်း သူတို့ အခွီ Tik Tok လေးကို သဘောကျနေကြမှာပါနော်..။


ချစ်စရာကောင်းလွန်းပြီး တွေ့လိုက်တိုင်း တစ်ယောက်နဲ့ တစ်ယောက် ဆေးထိုးစနောက်နေကြတဲ့ ကျော်ကျော်နဲ့ စိုးပြည့်လေးတို့ကတော့ ဟန်ဆောင်မှုကင်းတဲ့ သူတို့ရဲ့ ပုံစံအပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားကြတာပဲ ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွ့်လည်း ကျော်ကျော်နဲ့ စိုးပြည့်လေးတို့ရဲ့ ချစ်စရာကောင်းတဲ့ Tik Tok အခွီဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အလွမ်းလေးတွေပြေရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေနော်..။

Photo - စိုးပြည့်သဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။