ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Chris Brown ဟာဆိုရင် ခုချိန်မှာတော့ သူရဲ့ အရင်ကောင်မလေးဖြစ်သူ Ammika Harris နဲ့အတူ ဒုတိယ ကလေးကို ရရှိဖို့မျှော်လင့်နေပါတယ်။ အသက် ၃၀ရှိပြီဖြစ်တဲ့ R & B အဆိုတော် Chris ဟာ သူအနေနဲ့ ဒုတိယကလေးကို လိုချင်နေပြီးဖြစ်ကြောင်း သတင်းဌာနတစ်ခုက ပြောပြခဲ့ပါတယ်။ သူရဲ့ ပထမဆုံးကလေးဖြစ်တဲ့ Royalty ကတော့ ခုချိန်မှာ အသက် ၅နှစ်ရှိပြီဖြစ်ကာ Nia Guzman နဲ့ရထားတာဖြစ်ပါတယ်။ သူမှာတော့ ယနေ့တိုင် မိန်းမမရှိသေးပါဘူး....သူ့အနေနဲ့လဲ သူရဲ့သမီးလေးကို အရမ်းချစ်တယ်ဆိုတာကို ပရိသတ်ကြီးသိမှာပါ။ 

လူတွေရဲ့ပြောကြားချက်အရ သူရဲ့တွဲတာအကြာဆုံးဖြစ်တဲ့ မိန်းကလေး Indyamarie Jean Pelton နဲ့လမ်းခွဲခံခဲ့ရကာ အကြောင်းက Harris မှာသူနဲ့ရတဲ့ ကိုယ်ဝန်ရှိတာကြောင့်လို့ပြောပါတယ်။ ဒါပေမဲ့လဲ အဲ့အချိန်တုန်းက Chris က Harris နဲ့မတွဲသေးပါဘူး။ သူရဲ့ချစ်သူဟောင်းဖြစ်သူ Ammika က ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူမရဲ့ Instagram မှာ ကိုယ်ဝန်ရှိနေတဲ့ပုံစံနဲ့ Post ကိုတင်ခဲ့ပါတယ်။ အဲ့ Post ကြောင့်လဲ Chris က ကေလးရဖို့အတွက် မျှော်လင့်နေတာဖြစ်ပါတယ်။  

တနင်္ဂနွေနေ့တုန်းကလဲ သူမဟာ Instagram ပေါ်ကို Snap ပုံတင်ခဲ့ကာ အဲ့ပုံအောက်မှာ CB က " My Baby Mama " ဆိုပြီးရေးခဲ့ပါတယ်လို့ သတင်းတစ်ခုကပြောပြခဲ့ပါတယ်။ Chris Brown ဟာဆိုရင်လဲ သူရဲ့ သမီးလေးဖြစ်သူ Royalty အတွက် သီချင်းတောင်ထွက်ရှိလို့ထားပါတယ်။ သီချင်းတင်မဟုတ်ပဲ Album နာမည်ကိုပါ Royalty ဆိုပြီပါ ပေးထားတာဖြစ်ပါတယ်။ သီချင်းထဲမှာဆိုရင် သူရဲ့သမီးလေးကိုMTV ထဲမှာ သေသေချာချာရိုက်ထားပြီး ဘယ်လောက်ချစ်လဲဆိုတာကို သိသိသားသားမြင်နိုင်ပါတယ်။  

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။