ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ MRTV-4 ရုပ်သံ မင်းသမီးချောတွေထဲမှာ အားလုံးရဲ့ အသည်းကျော်လေး နန်းစန္ဒာလှထွန်းကတော့ ထိပ်တန်းက ရပ်တည်နေသူလေးပါ..။

အေးချမ်းပြီး လှပလွန်းတဲ့ အပြုံးချိုချိုလေးတွေအပြင် သရုပ်ဆောင်ကောင်းမှုတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေသလို ချစ်စရာကောင်းလွန်းတဲ့ စကားပြောဟန်ပန်လေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးပါပဲ..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး နန်းစန္ဒာလှထွန်းကတော့ ချစိပရိသတ်တွေရဲ့ ထင်မထားတဲ့ မွေးနေ့ Surprise အလှူလေးကြောင့် အရမ်းကို ဝမ်းသာကြည်နူးနေရပါတယ်နော်..။

လာမယ့်ဇွန်လ(၂၂)ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ရက်လေးအတွက် ကြည်နူးစရာကောင်းလွန်းတဲ့ မွေးနေ့အလှူလေးကို ပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့ပြီး မွေးနေ့ပွဲလေးနဲ့ မွေးနေ့ကိတ်လေးခွဲကာ ပျော်ပျော်ရွှင်ရွှင် ပြုလုပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်..။

"ချစ်စရာကောင်းတဲ့ Nannies ( NFC )လေးတွေကြောင့် မနေ့က အရမ်းပျော်ခဲ့ရတယ် ... အရမ်းလည်းကျေးဇူးတင်တယ် ... မွေးနေ့အကြို surprise တိုက်ကျတာတဲ့ ... ညနေပိုင်းမှ သွားတာဆိုတော့ မိုးချုပ်တာမြန်တော့ ခဏပဲတွေ့လိုက်ရတယ် ... ဒါပေမယ့် အတူတူအလှူဒါန်းလုပ် ကိတ်မုန့်ခွဲ ဓာတ်ပုံတွေရိုက် ကံစမ်းမဲတွေဖောက်ပြီး လက်ဆောင်လေးတွေပေးရတာ တစ်ကယ်ကို အမှတ်တရပါ .. ပျော်လည်းအရမ်းပျော်ပါတယ်လို့ တ စ်နှစ်ပြီး တစ်နှစ် မရိုးနိုင်တဲ့ surprise တွေတိုက်ပေးလို့ကျေးဇူးပါ နားနီးစ် Nannies ... မသိဘူး အရမ်းပျော်တယ် ... တစ်ကယ်တမ်းဆို ကျမအရမ်းကံကောင်းတယ် ...." ဆိုပြီး ပျော်ရွှင်ခဲ့ရတဲ့ မမေ့နိုင်စရာ အမှတ်တရလေးတွေကိုလည်း ကြည်ကြည်နူးနူးလေး ပြောပြထားပါသေးတယ်..။

နန်းနန်းလေးကတော့ ပရိသတ်တွေရဲ့ မွေးနေ့ပွဲလေးနဲ့ အလှူလေးကြောင့် အရမ်းကို ပျော်ရွှင်နေရတဲ့ အကြောင်းလေးနဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစိပရိသတ်တွကိုလည်း အပျော်လေးတွေ မျှဝေထားတာမို့ ပရိသတ်တွေကလည်း အပျော်လေးတွေ ကူးစက်ရင်း သဘောကျနေကြမှာနော်..။

Photo -နန်းစန္ဒာလှထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။