ပရိသတ်တွေရဲ့ အချစ်တော်တွေထဲမှာ မငိးသမီးချောလေး ဘေဘီမောင်ကလည်း အပါအဝငိဖြစ်သလို ညို့အားပြင်းတဲ့ သူမရဲ့ကောက်ကြောင်းအလှတွေကလည်း မြင်သူတကာ လည်ပြန်ငေးရလောက်ပါတယ်..။

မင်းသမီးချောလေး ဘေဘီမောင်ကတော့ အောင်မြင်တဲ့အနုပညာရှင်ဆယ်လီတစ်ဦးအဖြစ် ရပ်တည်နေသလို အဆိုတော်ချောလေး သားဂန်းနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလေးပါ..။

အချိုးအစားကျပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကောက်ကြောင်းအလှတရားတွေကကြောင့်လည်း ပုရိသပရိသတ်တွေရ့ တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသလို မိန်းကလေး ပရိသတ်တွေ အားကျချစ်ခင်ရသူလေးလည်း ဖြစ်ပါတယ်..။

သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေနဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိတဲ့ ဘေဘီလေးကတော့ အခုတစ်ခါမှာလည်း ကျော့ရှင်းပြီး ဆွဲအားပိုနေတဲ့ သူမရဲ့ အလန်းစားပုံရိပ်လေးတွေနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်..။

သူမရဲ့ အချိုးအစားကျတဲ့ ခန္ဓာကောက်ကြောင်းအလှတရားတွေကို ကျစ်ကျစ်လစ်လစ်နဲ့ အထင်းသားပေါ်လွင်စေတဲ့ အဖြူရောင်ဖက်ရှင်လေးကို ဝတ်ဆငိထားပြီး ဆွဲဆောင်မှုရှိရှိ လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အသည်းကျော် ဘေဘီမောင်ရဲ့ ညို့အားပြင်းတဲ့ အမိုက်စားခန္ဓာကောက်ကြောင်းအလှတွေနဲ့ ဆွဲဆောင်မှုရှိရှိ လှလွန်းနေတဲ့ ပုံရိပ်လေးတွေကို "ကျမရဲ့bodyလေးဟာ နှဲလေးမှုတ်သလို့ပါပဲ ပိန်ချင်လားဖောင်းချင်လားကြိုက်သလို့လုပ်ယူလို့ရတယ် လှနေအောင်တော့မနဲထိန်းရတာပေါ့ အသက်ရွယ်ကြီးလာရင်ပျက်စီးမဲ့ခန္ဓာကြီးဆိုတော့လေ တကယ်တော့လေ တရားသဘောနဲ့ကြည့်ရင် အသားတုံးကြီးတွေပါကွာ.." ဆိုပြီး ချစ်စဖွယ်လေးဆိုရင်း ပရိသတ်တွေအတွက် သူမက အလွမ်းပြေလေး မျှဝေလိုက်တာမို့ အားလုံးကလည်း အချစ်ပိုနေကြပါတယ်နော်..။

Photo - ဘေဘီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။