ထိုင်းမင်းသမီးလေးနဲ့တူတယ်လို့ နာမည်ကြီးနေတဲ့ ဧငြိမ်းဖြူတစ်ယောက် သူမဝါသနာပါတဲ့ အကနဲ့ ပက်သက်ပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှာဖြစ်လို့ Training ဝင်နေတာပဲဖြစ်ပါ တယ်။ ဇာတ်ကားတစ်ကားကို မရိုက်ကူးခင် သေချာလေ့ကျင့်ရတာ အနုပညာသမားတိုင်း ရဲ့ထုံးစံပါပဲ။ သူမ သရုပ်ဆောင်မယ့်ဇာတ်ကားက အကဇာတ်ကားဖြစ်တာမို့ က တာနဲ့ ပက်သက်ပြီး အများကြီးလေ့ကျင့်ရ မယ့်ပုံစံပါပဲ။

လေ့ကျင့်တာ နှစ်ရက်တာမျှရှိသေးပေမယ့် ဧငြိမ်းဖြူတစ်ယောက် အတော်လေးပင်ပန်း ပုံပါပဲ။ သဏ္ဍာန်လုပ်သရုပ်တူဆိုတဲ့အချက်ကြောင့်ပဲ သေချာတိတိကျကျလေ့ကျင့်ရမှာ ဖြစ်တာမို့ သူမက အစွမ်းကုန်လေ့ကျင့်မှုတွေပြုလုပ်နေရင်း ပင်ပန်းနေတဲ့အကြောင်းလေး ကို သူမရဲ့ Facebook My Day ကနေ တဆင့်ပြောပြခဲ့တာပဲဖြစ်ပါတယ်။

" အကရုပ်ရှင်ဇာတ်ကားကြီးအတွက် Training ဝင်တာ နှစ်ရက်ပဲရှိသေးတယ်နော် ပင်ပန်းလွန်းလို့ ဘေးနားမှာစကားလာပြောနေတောင် ဘယ်သူ့ကိုမှ ပြန်မပြောနိုင် တော့ဘူး " ဆိုပြီး ပရိသတ်တွေကိုရင်ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ အကောင်းဆုံးလေ့ကျင့် မှုတွေပြုလုပ်ပြီး ဇာတ်ကားကြီးမှာလည်း အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ အောင်မြင်မှုရရှိပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Photo - A Nyein Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။