အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ရပ်တည်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် မြတ်ကေသီအောင်ကို ပရိသတ်ကြီးမမေ့လောက်သေးပါဘူးနော်။

စိုးမြတ်သူဇာတို့နဲ့ ခေတ်ပြိုင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ မြတ်ကေသီအောင် ကို ရုပ်ရှင်ဗီဒီယိုတွေထဲ မမြင်ရတာအတော်လေးကြာနေပါပြီ။

လက်ရှိမှာတော့ မြတ်ကေသီအောင် တစ်ယောက် ဥရောပဘက်ကို အလည်အပတ်ခရီးရောက်ရှိနေပြီး ဖက်ရှင်ကတော့ လူတောင်မှားသွားလောက်မှာပါတယ်။

အရင်ကမြင်နေကျပုံစံနဲ့သိသိသာသာပြောင်းလဲသွားတဲ့ မြတ်ကေသီအောင်ဟာ ဆံပင်ပုံစံကိုလည်းခပ်တိုတိုလေးညှပ်ထားပြီး အလန်းစားဖက်ရှင်နဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပုံစံ ဆက်စီကျကျ ပိုစ်ပေးထားလို့ ပရိသတ်တိုင်း အ့ံအားမင်သက်မိမှာပါ။

နုပျိုလန်းဆန်းတက်ကြွနေသေးတဲ့ မြတ်ကေသီအောင်ရဲ့ အလှကို ပရိသတ်ကြီးရော မကြိုက်ဘူးလား။  

သတင်းအရင်းမြစ် : pan pwint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။