Tom Hanks ဟာဆိုရင် Toy Story ကားထဲက အဓိက ကာတွန်းသရုပ်ဆောင် Woody နေရမှာ အသံသရုပ်ဆောင်ရတဲ့သူပဲဖြစ်ပါတယ်။ သူဟာဆိုရင် အသက် ၆၂နှစ်ရှိပြီဖြစ်ကာ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော်မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ တနင်္ဂနွေနေ့တုန်းက သူဟာ လန်ဒန်မှာ Toy Story 4 နဲ့ပတ်သတ်တဲ့ အစီအစဉ်ကို လှုပ်ရှားနေခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ သူဟာ အရေးကြီးအစီအစဉ်ဖြစ်တဲ့ ကလေးဆေးရုံမှာ ကလေးတွေကို အားပေးစကားပြောပြီး Toy Story 4 ကိုပြသခဲ့ပါတယ်။ 

တနင်္လာနေ့တုန်းက သူဟာ Evelina London Children's Hospital ကိုရောက်ရှိလို့လာခဲ့ပြီး လူနာတွေနဲ့ မိသားစုဝင်တွေကို အံ့သြသင့်စေခဲ့ပါတယ်။ အဲ့ဆေးရုံထဲမှာဆိုရင် ရုပ်ရှင်ရုံတစ်ရုံရှိပြီး ဆေးရုံးဟာဆိုရင်လဲ ရုပ်ရှင်ပါတဲ့ဆေးရုံခြောက်ရုံထဲက တစ်ရုံဖြစ်ပါတယ်။ Tom ဟာသူရောက်ရှိလို့လာတာနဲ့ ကလေးလူနာတွေကို အားပေးနှစ်သိမ့်စကားပြောကာ မိသားစုဝင်တွေကိုလဲ စကားတွေပြောခဲ့ကာ ပုံတွေအတူတူရိုက်ကာတင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့တုန်းကတော့ Toy Story 4 ကို Leicester Square မှာကြိုတင်ပြသခဲ့ပါတယ်။ 

တနင်္လာနေ့မှာတော့ ကလေးဆေးရုံမှာ Toy Story 4 ကို အထူးအစီအစဉ်အနေနဲ့ပြသခဲ့တာဖြစ်ပါတယ်။ မင်းသား Tom Hanks ဟာလဲ ရုပ်ရှင်နဲ့ပတ်သတ်ပြီး တချို့အကြောင်းအရာတွေကိုပြောပြခဲ့ပါတယ်။ " ကျွန်တော်တို့တွေ ရုပ်ရှင်လုပ်နေတုန်းမှာ တခါမှ Keanu Reeves ကိုမတွေ့ခဲ့ရပါဘူး.....ကျွန်တော် Keanu ကိုသူရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ Duke Caboom ဟာ အရမ်းမိုက်ကြောင်းကို ပြောပြခဲ့ပါတယ်...ပြီးတော့ ကျွန်တော်တို့တွေ အသံသွင်းတဲ့တခါတခါကလဲ ၅နာရီကြာပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ Toy Story 4 ဟာဆိုရင် June 21 ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။