မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ မင်းသားလေးတစ်လက် ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ကောင်းတဲ့ တိုင်ရွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရပါတယ်။

နိုင်ငံခြားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။လတ်တလောမှာတော့ သတိအန္တရာယ်ရှိသည် Gold Carpet ပွဲလေးကိုတက်ရောက်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေနဲ့အတူ "မနေ့ညက သတိအန္တရာယ်ရှိသည် Gold Carpet ပွဲလေးကျင်းပရင်း ဖိတ်ကြားထားသောဧည့်သည်များနဲ့ ပထမဆုံးကြည့်ကြတယ်

အမှန်တိုင်းပြောရင် ကျွန်တော်ကြောက်ပါတယ် အသစ်တစ်ယောက်အနေနဲ့ ဒီဇာတ်ရုပ်က စိန်ခေါ်မှု့ကြီး လွန်းပါတယ် ပရိတ်သတ်မုန်းနိုင်ပါတယ် ဒါပေမယ့် ကျွန်တော် စိတ်နှစ်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ် ပရိတ်သတ်တွေလည်း နားလည်ပေးနိုင်ကြလိမ့်မယ်ထင်ပါတယ်

အမှာယွင်းတွေပါလည်းကြိုတင် တောင်းပန်အပ်ပါတယ်ပရိတ်သတ်မုန်းလေ လက်ခုပ်ထတီးလေ ကျွန်တော် ပျော်လေပါဘဲဗျာ တရုံလုံးကို ဝက်ဝက်ကွဲ မေတ္တာတွေပို့ကြတာ ဒါဟာ ကျွန်တော်အကောင်းဆုံး လုပ်နိုင်ခဲ့တယ်ထင်လို့လေ ဟဲဟဲ နည်းနည်းတော့ကြောချမ်းတာပေါ့ဗျာ .....တခုပြောချင်တာက ဇာတ်ကားထဲက တိုင်ရွန်ကိုမုန်းပါအရမ်းမုန်းပေးပါ မုန်းလေးကောင်းလေပါဘဲအပြင်ကတိုင်ရွန်ကိုတော့ချစ်ပေးကြပါနော် "ဆိုတဲ့စာလေးနဲ့အတူဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေတိုင်းက အမိုက်စား ဆွဲဆောင်မှုရှိရှိ ခန့်ညားလွန်းလှတာကြောင့် ကောင်မလေးတွေကြွေစေမှာ အမှန်ပဲဖြစ်ပါတယ်။တိုင်ရွန်ကတော့ အမြဲစမတ်ကျကာယောင်္ကျားပီသတဲ့ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့်ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။