ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလမ်းကြောင်းပေါ်မှာ တဖြည်းဖြည်း လျှောက်လှမ်းနေပြီးတော့ မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားလေးတစ်လက်ဖြစ်နေခဲ့တဲ့ သရုပ်ဆောင်ပိုင်တံခွန်ကို မသိတဲ့သူမရှိပါဘူးနော်။ လူငယ် modelသရုပ်ဆောင်လေးတစ်ယောက်ဆိုပေမယ့် ကြိုးစားအားထုတ်မှုတွေကြောင့်အချိန်တိုတိုအတွင်းအောင်မြင်မှုတွေကိုပိုင်ဆိုင်ထားခဲ့ပါတယ်နော်။

ကိုရီးယားမင်းသားလို တရုတ်မင်းသားလိုလို ချစ်ဖို့ကောင်းပြီးတည်ကြည်တဲ့ မျက်နှာလေးနဲ့ အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ အတွက် နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်နေခဲ့ရတာပါနော်။ သူဟာ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ လုပ်နေတာကိုတွေ့ရပြီးတော့ ပရိတ်သတ်တွေရဲ့ လက်ခံအားပေးမှုကို များစွာရရှိပိုင်ဆိုင်ထားပါပြီနော်။

အခုလတ်တလောမှာတော့ သူဟာ ပွဲလေးတွေကို ဆက်တိုက်ဆိုသလို တက်ဖြစ်နေတာတွေ့ရပြီးတော့ အခုတစ်ခါမှာလည်း Bossini ဆိုင်ဖွင့်ပွဲလေးကို ပေါ့ပေါ့ပါးပါးလေးပဲ ဝတ်ကာတက်ရောက်လာခဲ့ပါတယ်နော်။ မိုးမရွာတဲ့အချိန်ဆိုရင် ပူစပ်ပူလောင်ကြီးဖြစ်ပြီး လူကောစိတ်ပါ အိုက်တဲ့ ရာသီမို့ ပိုင်တံခွန်တစ်ယောက်ကတော့ ပေါ့ပါးစွာဝတ်ဆင်ပြီးပွဲတက်ခဲ့တာပါနော်။ ဒါတောင် လူကလည်းများ ပူကလည်းပူဖြစ်နေတဲ့အတွက် လက်တစ်ဖက်ကနေ ပန်ကာအသေးလေးကို မချတမ်းယူသွားတာ ပရိတ်သတ်တွေကြားမှာ ချွေးမထွက်အောင်ကြိုးစားနေရပါတယ်နော်။ဒီလို လူကောစိတ်ကော အိုက်တဲ့အခြေအနေလေးမှာတောင် သူဟာ သူချစ်တဲ့ပရိတ်သတ်တွေကို နွေးထွေးရင်းနှီးစွာနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့ပါတယ်နော်။ကဲ... ပရိတ်သတ်တွေအတွက်ပဲ အမြဲတမ်းဦးစားပေးတတ်တဲ့ ပရိတ်သတ်အချစ်တော်လေးပိုင်တံခွန်တစ်ယောက် ပွဲတက်ခဲ့စဉ်ကအမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။