သရုပ်ဆောင် ပိုင်ဇေရဲထွန်းကတော့ တစ်ခေတ်တစ်ချိန်ကတည်းက မိန်းကလေးပရိသတ်တွေ အသည်းခိုက်အောင် ကြွေခဲ့ရတဲ့ ပရိသတ်အချစ်တော် မင်းသားချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပိုင်ဇေရဲထွန်းက ချောမောလှပတဲ့ ချစ်ဇနီးချောလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပိုင်ဇေရဲထွန်းရဲ့မိသားစုဘဝလေးက အရမ်းကို ပျော်စရာကောင်းနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ အားကျနေရတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုလေးက လက်ရှိမှာတော့ မိသားစုလိုက် ခရီးထွက်နေကြတာ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့မိသားစုလေးက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လေးကို လူစုံတက်စုံနဲ့ အပန်းဖြေခရီးထွက်လာကြတာ ဖြစ်ပါတယ်။ အခုလည်း ပိုင်ဇေရဲထွန်းရဲ့ဇနီးချောလေး ဇင်သဲနိုင်က "Today and always, beyond tomorrow, I need you beside me, always as my best friend, lover & forever soulmate " ဆိုပြီး အရမ်းကိုကြည်နူးပျော်ရွှင်ဖို့ကောင်းတဲ့ သူတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို တင်ထားတာ တွေ့ရပါတယ်။

ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံက "Anantara Bophut Koh Samui Resort " မှာ အပန်းဖြေရင်း Romantic ဆန်ဆန်ကြည်နူးနေကြတာ ဖြစ်ပါတယ်။ အခုလိုချိုမြိန်တဲ့ချစ်ခြင်းတွေကြောင့်လည်း သူတို့ဇနီးမောင်နှံက အိမ်ထောင်သက် (၁၄) နှစ်တိုင်အောင် ပျော်ရွှင်မှုတွေနဲ့ ရှေ့ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘန်ကောက်မှာ သာယာပျော်ရွှင်နေကြတဲ့ ပိုင်ဇေရဲထွန်းတိုံ့ဇနီးမောင်နှံရဲ့ အားကျချင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Zin Thae Naing;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။