"Miss Universe Myanmar 2015 နဲ့ 2016"နှစ်တွေမှာ အလှသရဖူကိုဆွတ်ခူးထာနိုင်တဲ့ အလှမယ် ထက်ထက်ထွန်းဟာဆိုရင် အခမ်းအနားမှူးအဖြစ်လည်း ပါဝင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်...။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့် အနုပညာလောကထဲသို့ဝင်ရောက်လာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေက အစလက်ခံရိုက်ကူးလာတာပါ...။ ရိုက်ကွင်းတစ်ခုမှာ မတော်တဆထိခိုက်ဒဏ်ရာရခဲ့ပြီး ခြေထောက် အနာတရဖြစ်သွားပေမယ့်လည်း ပရိသတ်ကြီးအတွက် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ ထက်ထက်ထွန်းကို ချီးကျူးလေးစားဖွယ် အားပေးကြရမှာပါ...။

ထက်ထက်ထွန်းဟာ ဖက်ရှင်အလန်းစားတွေနဲ့ မြင်သူတကာ နှစ်ခါပြန်ငေးရလောက်အောင် ပွဲတက်ခဲ့တာကိုအားလုံးပဲရှုစားကြရမှာပါ...။ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကိုအများဆုံးလက်ခံရိုက်ကူးလျက်ရှိပြီး ခရီးသွားမှတ်တမ်းပုံရိပ်တွေကိုလည်း တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။ ထက်ထက်ထွန်းဟာ စည်ပင်သာယာကိုယ်စားလှယ်လောင်းအဖြစ်လည်း ပါဝင်ခဲ့ပြီး ပြည်သူတွေရဲ့အသည်းကိုလည်း သယ်ပိုးချင်တာပါနော်...။

ထက်ထက်ထွန်းက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "GUSTO INNOVATION AWARDS AND FORUM" ပွဲမှာ အခမ်းနားမှူးလေး တစ်ယောက်အဖြစ်ပါဝင်ခဲ့တုန်းကရိုက်ကူးခဲ့တဲ့ အမှတ်တရ ပုံရိပ်တွေကို ပြန်လည်ထုတ်ဖော်ပြသထားတာပါနော်..။ သူမရဲ့ official facebook acc တွင် "လူကြီးမင်းတို့ ပွဲလမ်းသဘင်အခမ်းအနားမျိုးစုံအတွက်တစ်ယောက်အနေနဲ့ လိုအပ်ရင် ထက်ကိုသတိရလိုက်ပါ" ဆိုတဲ့ status လေးနဲ့အတူ အကြောင်းကြားထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးရေ ဆက်လက်အားပေးသွားကြပါဦးနော်...။

Source Htet Htet Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။