ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး အိချောပိုကတော့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် နာမည်ကျော်နေတဲ့ အလှဘုရင်မလေးဆိုတာ အားလုံးက သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ ဗီဒီယိုဇာတ်ကားလေးတွေကတစ်ဆင့် သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ခဏလေးအတွင်းမှာ အောင်မြင်လာခဲ့တဲ့ အိချောပိုက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတဲ့ ခေါင်းဆောင်မင်းသမီးချောလေးတစ်လက် ဖြစ်နေပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စူစူလေးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း မနားတမ်း တက်ရောက်နေရတာ ဖြစ်ပါတယ်။ အိချောပိုက စွဲမက်ဖွယ်ကောက်ကြောင်း အလှပိုင်ရှင်လေးဖြစ်တာကြောင့် ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို ဆွဲဆောင်မှုအပြည့်ရှိပြီး လှပနေတာ ဖြစ်ပါတယ်။ အခုလည်း အိချောပိုက မြင်သူတိုင်း ရင်ခုန်သံတွေ အဆမတန်မြန်သွားစေမယ့် အမူအယာလေးတွေနဲ့ Tik Tok ဗီဒီယိုလေးတစ်ခု ရိုက်ကူးခဲ့ပါတယ်။

အိချောပိုက ကြွကြွရွရွလေး လမ်းလျှောက်ပြီး ပရိသတ်တွေကို အနမ်းပေးကာ အသည်းခြွေလိုက်တာပဲ ဖြစ်ပါတယ်။ ဆံနွယ်လေးတွေကို လေမှာဝဲပျံသွားလောက်အောင် ခါပြလိုက်တဲ့ အိချောပိုရဲ့ပုံစံလေးက ကြည့်လို့မဝနိုင်လောက်အောင် ညို့အားပြင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နှစ်ခါသုံးခါ ပြန်ကြည့်ချင်လောက်အောင် စွဲမက်ဖွယ်ကောင်းနေတဲ့ အိချောပိုရဲ့ Tik Tok ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ei Chaw Po's Tik Tok;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။