အိန်ဂျယ်လမုန်ဟာဆိုရင် ၂၀၁၄ ခုနှစ်မှာ "Miss Intercontinental Myanmar" ဆုကိုဆွတ်ခူးရရှိခဲ့ပြီး အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်လာတာဖြစ်ပါတယ်...။ ကိုးရီးယားမလေးလို ဖြူဝင်းပတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်အလန်းစားလေးတွေကို ဝတ်စားဆင်ယင်လျက်ရှိတာဖြစ်ပါတယ်...။ ချစ်စရာအမူအရာလေးနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် social media လောကမှာ အမျိုးသားပရိသတ်အများဆုံးလက်ခံရရှိထားတာပါနော်..။

အိန်ဂျယ်လမုန်ဟာဆိုရင် "လေဆန်ကကြိုး" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး အသစ်အသစ်သော ရုပ်ရှင်ဇာတ်ကားတွေအတွက် ကြိုးစားလုပ်ကိုင်လျက်ရှိတာပါနော်..။ တိရိစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် ခွေးလေးတွေနဲ့လည်း ကြင်နာစွာ ဓာတ်ဖမ်းခဲ့ပြီး ပုံရိပ်တွေကို တင်ဆက်ခဲ့တာပါ..။ ခရီးသွားဝါသနာပါတဲ့သူမဟာဆိုရင် ပြည်တွင်း၊ ပြည်ပခရီးတွေကို ထွက်လေ့ရှိပြီး အမှတ်တ်ရပုံရိပ်တွေကို ဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးလေ့ရှိတာပါ..။

ပရိသတ်ကြီးရှုစားကြရအောင် tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပြုလုပ်ဖန်တီးလျက်ရှိပြီး ထုတ်ဖော်ပြသလေ့ရှိတာပါ..။ အိန်ဂျယ်လမုန်ဟာ ပရိသတ်ကြီးနဲအဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလျက်ရှိတာပါ..။ အခုတစ်ခါမှာဆိုရင်လည်း ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေပြီး "နောက်ဆိုရင် မင်းနဲ့တူတူ ရိုက်မယ်နော်.." ဆိုတဲ့ status လေးနဲ့တကွ နန်းတွင်းဝတ်စုံလေးနဲ့ tik tok ဗီဒီယိုဖိုင်လေးကို တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Angel Lamung

Photo Credit Kaung Albums

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။