ဝါရင့်သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ အနုပညာလောကမှာ အကယ်ဒမီဆုတွေရရှိထားပြီး ပရိသတ်အချစ်တွေကို သိမ်းပိုက်ခဲ့တဲ့ မင်းသမီးချောတစ်ဦး ဖြစ်ပါတယ်။ ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သဘာဝကျအောင် ဖန်တီးနိုင်ခဲ့တာကြောင့် အောင်မြင်မှုများစွာရရှိခဲ့တဲ့ ခင်ဇာခြည်ကျော်က ယနေ့တိုင်အောင် နာမည်နဲ့ဂုဏ်ကို ထိန်းသိမ်းထားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ဇာခြည်ကျော်က အရွယ်တင်နုပျိုတဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က မျက်နှာလေးကအစ နုဖတ်ပြီး အရွယ်တင်လှပလွန်းတာကြောင့် ပရိသတ်တွေကပါ အားကျချစ်ခင်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၁၅) ရက်နေ့မှာတော့ ခင်ဇာခြည်ကျော်က အသက် (၄၃) နှစ်တိတိပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ သား၊သမီးတွေနဲ့အပြိုင် နုပျိုလှပလွန်းတဲ့ ခင်ဇာခြည်ကျော်ကိုတော့ ပရိသတ်တွေက မမဇာလို့တောင် ချစ်စနိုးနဲ့ခေါ်ဝေါ်နေရတာပဲ ဖြစ်ပါတယ်။

အခုလည်း ခင်ဇာခြည်ကျော်က Snapchat နဲ့ ရိုက်ကူးထားတဲ့ ပုံလှလှလေးတွေကို " Cute lar " ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။ ဆံနွယ်ရှည်လေးနဲ့ ယဉ်ယဉ်လေးလှနေတဲ့ ခင်ဇာခြည်ကျော်က အပျိုအရွယ်တုန်းကလိုပဲ ပျိုမျစ်နုပျိုပြီး လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တေအတွက် ဆယ်ကျော်သက်တွေကတောင် ပြန်ငေးနေရတဲ့ မင်းသမီးချော ခင်ဇာခြည်ကျော်ရဲ့ အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Khinzar Chikyaw Zar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။