ပရိသတ်ကြည့်ရှုအားပေးမှု အများဆုံးရရှိခဲ့တဲ့ " The Voice Myanmar Season 2'' ပြိုင်ပွဲကြီးက အခုဆိုရင် အောင်မြင်စွာ ကျင်းပပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ Team ကျားပေါက်မှ Novem Htoo က Winner ဆုကြီးကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ Team နီနီခင်ဇော်မှ ပြိုင်ပွဲဝင် Hazel ကလည်း ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

အခုလည်း နီနီခင်ဇော်က '' ပြိုင်ပွဲလေးတခုမှာ ခွန်အားတွေပေးရင်း ဖြတ်သန်းခွင့်ရတယ် နီနီ ၁၀ နှစ်ကျော်က ပြိုင်ပွဲဝင်ဘဝကိုပြန်ရောက်သလိုပါပဲ နောက်ဆုံးကျန်တဲ့ ဒီညီမက အဖွဲ့အတွက်ကြိုးစားခဲ့ပေါ့ မျိုးဆက်သစ်တွေလက်ကမ်းကြိုဆိုပေးရင်း ထူးခြားတဲ့ အမျိုးသားအဆိုတော်တွေအပြင် အမျိုးသမီး အဆိုရှင်တွေလည်းပေါ်ပေါက်စေချင်တယ် အားကုန်သုံးလို့ပျံသန်းကြပါ မုန်တိုင်းတွေကြား အားမလျော့စေချင်'' ဆိုပြီး Hazel ကို အားပေးစကား ပြောခဲ့တာ ဖြစ်ပါတယ်။

Hazel ကတော့ သူမရဲ့ Coach ဖြစ်တဲ့ နီနီခင်ဇော်ကို အစ်မတစ်ယောက်လို ချစ်ခင်အားကိုးတဲ့အပြင် ပြိုင်ပွဲဝင်ခါနီးအချိန်မှာလည်း လေးလေးစားစားနဲ့ ကန်တော့ခဲ့တာ တွေ့ရပါတယ်။ နီနီနဲ့ Hazel ကတော့ တကယ့်ညီအစ်မအရင်းတွေလို ချစ်ခင်ရင်းနှီးခဲ့ကြတာကို ပုံလေးတွေကြည့်တာနဲ့ သိနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နီနီခင်ဇော်နဲ့ Hazel ရဲ့ အမှတ်တရပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Ni Ni Khin Zaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။