ချစ်စရာသားလေးနဲ့၊ သမီးလေးတစ်ယောက်ကို ခင်ပွန်းနဲ့အတူ ပြုစုပျိုးထောင်ပေးနေတဲ့ international တန်းဝင်တဲ့ မော်ဒယ်လ်သရုပ်ဆောင် သန္တာလှိုင်ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ သူမရဲ့ သမီးလေးဟာဆိုရင်လည်း ရေမြေခြားမှာ ပညာတွေလေ့လာဆည်းပူးနေတာဖြစ်ပြီး ဘက်စုံထူးချွန်သူလေးပါ....။ gym ထရိန်နာလည်းပြုလုပ်လျက်ရှိတဲ့ သန္တာလှိုင်ဟာဆိုရင် အချိုးအစားပြေပြစ်ညီညာတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားတာပါ....။

သန္တာလှိုင်ဟာဆိုရင် အရွယ်တင်နုပျိုသူဖြစ်ပြီး အိမ်ထောင်ရှင်မကောင်းတစ်ယောက်လို့ဆိုရမှာပါ...။ သားနဲ့သမီးကိုလည်း စည်းစနစ်တကျအလိုလိုက်သူဖြစ်ပြီး ခင်ပွန်းရဲ့ ဂရုစိုက်မှုတွေကိုလည်း ပိုင်ဆိုင်ထားသူပါ...။ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်းလက်ခံရိုက်ကူးလျက်ရှိပြီး သူမရဲ့ နန်းဆန်သော ပုံရိပ်တွေကိုရှုစားကြရမှာပါ...။ ခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်ပြီး မိသားစုနဲ့အတူ ခရီးသွားပုံရိပ်တွေကိုလည်း အစဉ်အမြဲတင်ဆက်ပေးလျက်ရှိတာပါ...။

သန္တာလှိုင်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ official instagram acc ရဲ့ my day တွင် "Thandar Hlaing သန္တာလှိူင်" page like 1M ရရှိသွားတဲ့အတွက်ကြောင့် ချစ်ခင်ပွန်းနဲ့အတူ ပျော်ရွှင်နေတာလေးကို တင်ဆက်ပြသထားတာပါ...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပြီး like and share တွေဒီထက်မက ပိုမိုရရှိအောင် ဆက်လက်အားပေးသွားပါဦးနော်..။

Source thanda.hlaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။