အနုပညာနယ်ပယ်ရဲ့ အထင်ကရ အောင်မြင်ကျော်ကြားတဲ့သူ နှစ်ဦးဖြစ်တဲ့ ဦးခင်လှိုင်နဲ့ ကျော်ကျော်ဗိုလ်တို့ကတော့ မွေးနေ့တူသူတွေဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ မွေးဖွားကြသူတွေပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ………

ဦးခင်လှိုင်ကတော့ မွေးနေ့မှာ စတုဒီသာအလှူလုပ်ခဲ့ပြီး သူ့ရဲ့လူမှုကွန်ယက်မှာ ယခုလိုပဲရေးသားထားပါတယ်…

"ကျွန်တော် ချစ်တဲ့ ပရိတ်သတ်ကြီးရေ ?

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ?ကျွန်တော့် မွေးနေ့?ကို

ကျောက်မြောင်းသတိပဌာန်လမ်း အိမ်အောက်?မှာ နေ့ခင်းပိုင်း လောက်အုန်းနို့ခေါက်ဆွဲစတုဒီသာနဲ့ VeVe အချိူရည်ဘူးများ လှူဒါန်းမှာပါ???

အားလုံးပဲ လာခဲ့ကြဖို့ဖိတ်ပါတယ်ခင်ဗျာ

ကိုရွှေမန်းနဲ့ Ve Ve မိသားစုကိုလည်း ကျွန်တော့် အလှူလေးမှာ ပါဝင် လှူဒါန်းပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ??"

ထို့အပြင် ဦးခင်လှိုင်နဲ့မွေးနေ့တူတဲ့ ကျော်ကျော်ဗိုလ်ကတော့ သူ့ရဲ့လူမှုကွန်ယက်မှာ မွေးနေ့ဆုတောင်စကားနဲ့အတူ သူ့ကိုယ်သူ သတိပေးစာရေးသားထားပါတယ်။

" မွေးနေ့သံဝေဂ "

လူ ဆိုတဲ့ဘဝတခုကိုမင်းပိုင်ဆိုင်ခဲ့တာ

၁၀ စုနှစ်တော်တော်များများရှိခဲ့ပြီပဲ

မင်းကိုယ်မင်းဘယ်ကရောက်လာမှန်း မသိနိင်ပေမယ့်

လက်ရှိဖြစ်တည်မှု့အခြေအနေမှာ

မင်း မိသားစုအတွက်ဘာတွေလုပ်ခဲ့ပြီးပြီလဲ ?

မင်း ပတ်ဝန်းကျင်အတွက်ဘာတွေလုပ်ခဲ့ပြီးပြီလဲ ?

အနုပညာသမားဆိုတဲ့ ပညတ် တခုအောက်မှာ

မင်း ပရိတ်သတ်အတွက်ဘာတွေလုပ်ခဲ့ပြီးပြီလဲ ?

မင်း နိင်ငံအတွက်မင်းဘာတွေလုပ်ခဲ့ပြီးပြီလဲ ?

မင်း လက်ရှိ ရှင်သန်တည်မှီရာ ဂြိုလ်ကမ႓ာအတွက်

ဘာတွေလုပ်ခဲ့ပြီးပြီလဲ ?

စဉ်းစားပါ...စဉ်းစားပါ

လုပ်နိင်သလောက်အလျင်မှီနိင်အောင်ကြိုးစားပါ

မင်းမှာ အချိန်သိပ်ရှိတော့မှာ မဟုတ်ဘူး

မင်း " ဖြစ် " ပြီးပြီ... မင်း " တည် " ပြီးပြီ...

ဘယ်တော့မှန်းမသိပေမယ့်

မကြာခင် မင်း " ချုပ်ငြိမ်း " ရဦးမည်

ဘာပဲဖြစ်ဖြစ်...ဒီနေ့အတွက်တော့

Happy Birthday ပါ ကျော်ကျော်ဗိုလ်

မေတ္တာများစွာဖြင့်

#ကျော်ကျော်ဗိုလ်

( ၁၇/၀၄/၂၀၁၇ )

" Kyaw နဲ့အတူ "

" Together With Kyaw "

ဦးခင်လှိုင်ကတော့ ကျော်ကျော်ဗိုလ်အတွက်မွေးနေ့ဆုတောင်းပေးခဲ့ပြီး ကျော်ကျော်ဗိုလ်ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ "ပြောရဲဆိုရဲ ရပ်ကွက်က" ဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးနေကြောင်း သိရပါတယ် ပရိသတ်ကြီးရေ………

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။